တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Xiaomi ဟာ မကြာခင်မှာ RAM 8GB Version နဲ့ ထုတ်လုပ်ထားတဲ့ Xiaomi MI 8 ကို မိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်မှာ ရောင်းချနေတဲ့ Mi 8 မှာ RAM 6GB သာပါရှိပြီး ယခု အသစ်ထုတ်လုပ်ထားတဲ့ Mi 8 မှာ RAM 8 GB အထိ တိုးမြှင့်ပေးထားပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီးအတွက် Mi 8 ရဲ့ စွမ်းဆောင်ရည် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။  

Mi 8 ရဲ့ မျက်နှာပြင်ပိုင်းမှာဆိုရင် 6.2 လက်မရှိပြီး Full HD+ ရုပ်ထွက်ပါဝင်ပြီး CPU ပိုင်းမှာတော့ Snapdragon 845နှင့် မောင်းနှင်ထားပြီး မှတ်ဉာဏ်ပိုင်းမှာတော့ RAM 8GB ပါဝင်ပြီး ROM ကတော့ 256GB အထိ ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 3400 mAh ပမာဏရှိတဲ့ ဘက်ထရီကို အသုံးပြုပေးထားပါတယ်။ Android Version အနေနဲ့ကတော့ Android 8.1 Oreo အခြေခံ MIUI 10 ကို အသုံးပြုပေးထားပါတယ်။ 

Camera ပိုင်းမှာတော့ ကျာဘက်ကင်မရာနှစ်လုံးက 12MP + 12MP ဖြစ်ပြီး ရှေ့ကင်မရာ 20MP ပါဝင်ပြီး Notch ကို အတွင်းမှာထည့်သစွင်းပေးထားပါတယ်။ Security ပိုင်းမှာတော့ Face Unlock ကို ထည့်သွင်းပေးထားပြီး ကျောဘက်မှာ လက်ဗွေရာစနစ် ကို ထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းကတော့ တရားဝင် ဈေးကွက် ထဲရောက်မှ သိရမှာ ဖြစ်ပြီး ဘယ်နေ့ စတင် မိတ်ဆက်မလဲဆိုတာကို မကြေငြာရသေးပါဘူး။

Source : Netguide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။