တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုပ် မှန်ပြောင်းကြီးကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။တခြားဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ နေကြသလား လေ့လာ တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုပ် မှန်ပြောင်းကြီးကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။ ကမ္ဘာနဲ့ အလင်းနှစ် တထောင်ကျော် ကွာဝေးတဲ့ ကြယ်တွေဆီက အချက်အလက်ကို ဒီမှန်ပြောင်းကြီးက ရခဲ့တယ်လို့ သိရပါတယ်။ ဒီမှန်ပြောင်းကြီးနဲ့ စကြာဝဠာအကြောင်း ပိုသိနားလည်ပြီး တခြားဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ နေကြသလား လေ့လာမှာ ဖြစ်ပါတယ်။

တရုတ် သိပ္ပံပညာရှင်တွေ အဆိုအရ ဒီမှန်ပြောင်းကြီးရဲ့ အင်မတန်ကြီးမားတဲ့ မျက်နှာပြင်ကြီးက အချင်း ပေ ၁၇ဝဝ လောက်ရှိပြီး အာကာသကနေ ပထမဆုံး အချက်ပြမှုတွေရနေပြီလို့ ပြောပါတယ်။

ဒီဧရာမမှန်ပြောင်းကြီး အပြည့်အဝ လည်ပတ်ဖို့ နောက်ထပ်သုံးနှစ်လောက် အချိန်ယူအုံးမှာ ဖြစ်ပါတယ်။ကျနော်တို့အာကာသ စူးစမ်းလေ့လာမှုလုပ်ဖို့ဆို အရင်က ပြည်ပသွားလုပ်ကြရတယ်၊ အခုတော့ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကြီး ပိုင်ဆိုင်လာတဲ့ အတွက် လူတွေက သိပ်ကို စိတ်ဝင်တစား ကြည့်ချင်နေပြီလို့ စီမံကိန်း ဒုတိယမန်နေဂျာ ပါမောက္ခ ပင်ဘိုက ဘီဘီစီကို ပြောပါတယ်။ မျက်နှာဝကို သောင်းနဲ့ချီတဲ့ သုံးထောင့် ပစ္စည်းတွေနဲ့ လုပ်

တရုတ်နိုင်ငံ အနောက်တောင်ဘက် ဂွီချောင်ဒေသမှာ သဘာဝ မီးတောင် ထိပ်ဝကြီးမှာ ဆောက်ထားပြီး တရုတ်နိုင်ငံ အမျိုးသား နက္ခတ်ဗေဒ လေ့လာရေး အတွက် အလွန်ကြီးမားတဲ့ ရည်မှန်းချက်ကြီး ဖြစ်ပါတယ်။

မျက်နှာဝကို သောင်းနဲ့ချီတဲ့ သုံးထောင့်ပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်ပြီး ပွာတိုရီကိုက ကမ္ဘာ့အကြီးဆုံး စံချိန်တင် ထားတဲ့ ပေ ၉ဝဝ ကျော်ရှိတဲ့ မှန်ပြောင်းကြီးကိုကျော်သွားနိုင်ပါတယ်။

ဒီလောက်ကြီးတဲ့မှန်ပြောင်းကြီးကို ၅ နှစ်အတွင်း တည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ကျပါတယ်။

အာကာသထဲက ရှိတဲ့ ပစ္စည်းတွေကနေ ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်းကို နားဆင်ဖို့ တည်ဆောက်တာ ဖြစ်ပါတယ်။အလွန်ကြီးမားတဲ့ အတွက် စကြာဝဠာ အဝေးကြီးအထိ အသံလှိုင်းတွေကို ဖမ်းနိုင်မှာဖြစ်ပါတယ်။ အားလုံး တည်ဆောက်ပြီးသွားရင် တောက်လျှောက် လည်ပတ်နေတဲ့ ကိရိယာကြီးကနေ အလွန်ထူထပ်တဲ့ ကြယ်စင်တန်းကြီးက ရေဒီယိုလှိုင်းတွေကို ဖမ်းဖို့ အဓိက ဆောင်ရွက်တာ ဖြစ်ပြီး ဒီလိုလုပ်ဖို့အတွက် စမ်းသပ်မှုတွေ ထိန်းညှိမှုတွေ ဆက်လုပ်ရမယ်လို့ ပါမောက္ခ ပင်ကပြောပါတယ်။

အခုစမ်းသပ်တဲ့အဆင့်မှာပဲ သိပ္ပံလေ့လာမှုတွေကို နိုင်ငံတကာ နက္ခတ်ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ် လို့လည်း သူက ပြောပါတယ်။ တယ်လီစကုပ်တည်ဆောက်တဲ့ အကြီးဆုံး သိပ္ပံပညာရှင် ကတော့ ကမ္ဘာ့သိပ္ပံအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဓိကစီမံကိန်းကြီးလို့လည်း ပြောပါတယ် ။ တရုတ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကတော့ ကမ္ဘာ့သိပ္ပံလောကမှာ အဆင့် သိပ်မရှိပေမယ့် အခုအခါ သုတေသန အတွက် အသုံးပြုတာနဲ့ စာတန်း ဖတ်တာတွေမှာ အမေရိကန်ပြီးရင် ဒုတိယ လိုက်ပါတယ်။ အခုအခါ ဒီဧရာမမှန်ပြောင်းကြီးကို တည်ဆောက်ပြီး သုတေသန တခေတ်ဆန်းလာတဲ့အတွက် တရုတ်က သူ့ကတိအတိုင်း ကမ္ဘာနဲ့နည်းပညာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လောက်လိုက်နာမလဲ ဆိုတာကမ္ဘာက စောင့်ကြည့်နေရပါတယ်။

Source: BBC Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။