ဖေဖော်ဝါရီလအတွင်း သင့်ရဲ့ငွေကြေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ အချစ်ရေး ဘယ်လိုဖြစ်မလဲ အပြည့်အစုံ့ဖော်ပြထားပါတယ်။

တနင်္ဂနွေ The Tower

အခက်အခဲပင်ပန်းမှု စိတ်ညစ်စရာပြဿနာတို့ဖြစ်နိုင်သောအချိန်ကာလတစ်ခုဖြစ်ပါတယ်။ အရာရာဟာမျှော်လင့်ထားသလိုမဖြစ်ပဲ ကြုံသလိုကြည့်ဖြေရှင်းရတက်တယ်။ လူမှုရေး တို့အခက်အခဲ အတိုက်အခံဖြစ်ပြီး ရင်တော့ အောင်မြင်ပြီလို့သာမှတ်ယူလိုက်ပါ။ စီးပွားရေးကြန့်ကြာမှု အဆင်မပြေမှုရနိုင်သလိုလိုနဲ့လွဲချော်ခြင်းတို့ဖြစ်တက်တယ်။ အရောင်းအဝယ်တို့ စီစဉ်ပြီးမှ ပျက်ရတက်တယ်။ ငွေကုန်၊ စရံဆုံး ဖြစ်ရတက်တာတွေရှိတက်တယ်၊ သတိပြုပါ။ အလုပ်အကိုင်လျှောက်ထားဆဲအလုပ်တို့ရရင်တောင် ပြန်ထွက်လိုစိတ်ရှိတက်တယ်။ ရသောအလုပ်မှာအတိုက်အခံတွေ ပေါ်တက်တယ်။ အလုပ်ရှာနေသူတို့ နောက်ကြမှရလေလေပိုကောင်းလေလေပါပဲ။ပညာရေး စာလုပ်ချင်စိတ်မရှိသလောက်ကိုနည်းပါးနေပါတယ်။ အချိန်နီးမှပဲ မဖြစ်မနေကြိုးစားနိုင်လိမ့်မည်။ မှတ်ချက်-စာမေးပွဲကျရတက်သော နိမိတ်ရှိပါသည်။ ဂရုစိုက်။ငွေကြေးအကုန်အကျတွေအလွန်ပေါ၊ အီလက်ထရောနစ်ပစ္စည်းများကြောင့် ငွေကုန်သောကများ၊ အမှတ်မထင်ငွေကြေးတို့တော့ ရရှိတက်ပါတယ်။ရလျှင်အလှူလုပ်ပြီးမှသုံးပါ။ လူမှုရေး ကိုယ်ကသာအလိုက်သိနေရမယ်။ ကိုယ့်အတွက်ဆို ငဲ့ကြည့်မယ့်သူတောင်မရှိတွေဖြစ်ရတက်တယ်။ စိတ်မနာပဲ သည်းခံလိုက်ပါ၊ အကျိုးရှိပါလိမ့်မည်။ ကျန်းမာရေး အာရုံကြောရောဂါနှင့် မေ့လျှော့တက်သော ရောဂါတို့ဖြစ်ရတက်တယ်။ အိမ်တွင်းရှိသူများမှာလည်း ကျန်းမာရေး အညံ့ရှိနေပါတယ်။ ညံ့နေသူများအတွက် ရည်ရွယ်ပြီး၊ အစား အသောက်လှူဒါန်းလိုက်ပါ။အိမ်ထောင်ရေးနဲ့အတွင်းရေး စကားများ၊ အမှားမခံ၊ တစ်ခုခုဆိုအထအနကောက်လွန်းသူများကြောင့် အိမ်မနေချင်စိတ်တို့ပိုဖြစ်ပေါ်။ ညားကာစအိမ်ထောင်ရေးတို့ အထူးသတိပြုပါ။ ကွဲကွာရခြင်းတို့ ဖြစ်ရတက်သည်။အချစ်ရေး  အသေအချာရွေးချယ်ပြီးမှ သစ္စာဖောက်ခံရတက်သည်။ ကိုယ်ကမချစ်မှ ကိုယ့်ကိုလိုချင်နေကြတာမျိုးတွေကြောင့် အချစ်ရေးတော့ ကံမကောင်းနိုင်သေးပါ။

မှတ်ချက်- အချစ်ဆိုဆိုတာထက်၊ လိုချင်ရမ္မက်တွေကြောင့် ချင်းကပ်မှုကပိုများနေမယ်။ ငယ်သူတို့အထူးဂရုစိုက်ပါ။

တနင်္လာ- Judgement

အကောင်းအဆိုး၊ မျှမျှတတရောက်ရှိလာတက်တယ်။ အခက်အခဲဖြစ်ထားသူများကတော့ အကောင်းနှင့်ကြုံရတော့မှာပါ။ မကြုံရသေးသူများကတော့ ဂရုစိုက်စေလိုပါတယ်။ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းက အရာရာအတွက်အကျိုးရှိပါလိမ့်မည်။စီးပွားရေး ကြန့်ကြာမှုဖြစ်နေသောစီးပွားရေးတို့ ပြန်လည်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးတို့ရရှိနိုင်ပါလိမ့်မည်။ မိသားစုခြင်း လက်တွဲပြီး လုပ်ကိုင်နိုင်မယ်ဆိုပိုပြီး၊ အကျိုးရှိနိုင်ပါလိမ့်မည်။အလုပ်အကိုင်ရှာနေသူများနဲ့နိုင်ငံခြားအလုပ်အတွက်မျှော်လင့်နေသူများက ထူးခြားစွာအဆင်ပြေနိုင်လိမ့်မည်။ အလုပ်ရှိပြီး နေရာပြောင်းလဲချင်သူများနဲ့ ရာထူးအတွက်မျှော်လင့်နေသူများကတော့ ဆက်ပြီးတော့သာမျှော် နေရပါဦးမည်။ ငွေကြေး ရလိုက် ကုန်လိုက်နဲ့ ငွေမမြဲနိုင်ပါ။ ငွေအတွက်တော့ သောကရှိနိုင်တယ်။  ရရှိနိုင်သော အခွင့်အရေးများသည်လည်း ကြံ့ကြာနေပါဦးမည်။ ပညာရေးအဆိုးအညံ့မရှိပေမယ့် ပိုင်သလိုလို အေးအေးလုပ်နေမှုတွေကြောင့် အနားကပ်မှ ဖျားသလိုလို နာသလိုလိုတွေ ဖြစ်ရတက်တယ်။လူမှုရေး မိတ်ဟောင်းမိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ ရတက်တယ်။ ခင်မင်ဖွယ်ကောင်းသော မိတ်ဆွေထံမှ အကူအညီ ရရှိတက်တယ်။ ကျန်းမာရေးအဆိုးအညံ့နည်းပါတယ်။ သို့ပေမယ့် ရုတ်တရက်ဖျားနာခြင်း၊ အပူများခြင်းနဲ့ ကိုယ်လက်မအီမသာဖြစ်ရတက်ပါတယ်၊ မစိုးရိမ်ရပါ။ အိမ်တွင်းရေး၊ အိမ်ထောင်ရေး မိသားစုပျော်ရွှင်ရခြင်းနဲ့ အလှူအတန်းတို့ လုပ်ရတက်တယ်။ အတူတူခရီးထွက်ခြင်းနဲ့ ပျော်ရွှင်ရခြင်းတို့ ဖြစ်နိုင်ပါတယ်။ အချစ်ရေး လမ်းခွဲပြီးသူများနှင့်တောင် ပြန်လည်အဆင်ပြေနိုင်ပါတယ်။ အချစ်စစ်၊ အချစ်မှန်တို့နဲ့ချစ်ပြီး၊ ကိုယ့်အပေါ် အနစ်နာခံပြီး ချစ်ရသူများနှင့် တွေ့ဆုံရတက်ပါတယ်။

အင်္ဂ ါ The Sun

အခွင့်အလမ်းအသစ်တို့ ရရှိတက်တယ်။ ထင်မှတ်မထားသော အလုပ်အကိုင်အခွင့်အရေးတွေကြောင့် ပိုကောင်းအောင်မြင် အဆင်ပြေနိုင်ပါလိမ့်မည်။ ရပ်ဝေးမှ သူများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး၊ အလုပ်အကိုင် စီးပွားရေးများ တိုးတက်အောင်မြင်နိုင်သော အချိန်ကာလ တစ်ခုဖြစ်ပါတယ်။ စီးပွားရေး အခွင့်အရေးသစ်တစ်ခု ရရှိနိုင်ပေမယ့် လုပ်ချင်သလိုလို၊ မလုပ်ချင်သလိုလို ဖြစ်နေရတက်တယ် တစ်ခုခုရွေးချယ်ပြီး လုပ်ဆောင်လိုက်ပါ။ အကျိုးရှိပါလိမ့်မည်။အလုပ်ရှာနေသူများကတော့ ရနိုင်သောအခွင့်အရေးနဲ့ အလုပ်တို့မှာ ထူးခြားစွာ အဆင်ပြေနိုင်ပါတယ်။ လူမှုရေး နည်းနည်းတော့ ပြဿနာရှိတက်တယ်။ ကိုယ်မှန်တယ်ထင်ရင်ပြီးရော၊ ငါ့စကားနွားရရင်ပြီးရော ဆိုတဲ့စကားပုံအတိုင်း ဇွတ်ပြော၊ ဇွတ်ငြင်းချင်သူများကြောင့် စိတ်ပျက်ရတက်တယ်။ ကျန်းမာရေး ခြေတို့၊ လက်တို့မှာ အနည်းငယ်ထုံကျဉ်ခြင်းတို့ဖြစ်တက်တယ်။ မစိုးရိမ်ရပါ။အိမ်တွင်းရေး၊ အိမ်ထောင်ရေး ဆရာလုပ်သူများပြီး ညှိမရဖြစ်တက်တယ်။ အေးအေးဆေးဆေး တစ်ယောက်တည်းနေလိုစိတ်တွေကြောင့် အိမ်ထောင်ရေးမသာမယာ ဖြစ်ရတက်တယ်။ အချစ်ရေး ယုံကြည်မှုလွန်ကဲနေသော ချစ်သူကိုရတက်တယ်။ တာဝန်ကြေ ဂရုစိုက်တက်မှုတွေကြောင့် အခြားအတွဲကိုကြည့်ပြီး အားကျနေတက်တယ်။ ကိုယ့်မှာရှိနေတာမကောင်း ထင်တက်တာမျိုး လိုတာမရ၊ ရတာမလိုသလို ခံစားရတက်တယ်။ စန်းပွင့်မှု အားကောင်းပါလိမ့်မည်။

ဗုဒ္ဓဟူး The Lovers

ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ ချစ်ခင်နှစ်လိုဖွယ်ရာများနဲ့ ကြုံဆုံရတက်သော အချိန်ကာလတစ်ခုဖြစ်ပါတယ်။ လုပ်မယ်လို့ ရည်ရွယ်ထားသော ကိစ္စများတို့သည် အကူအညီ ရရှိပြီး အဆင်ပြေနိုင်ပါလိမ့်မည်။ ထင်မှတ်မထားသော အကူအညီများစွာ ရရှိတက်ပါတယ်။စီးပွားရေး စုပေါင်း၊ စပ်ပေါင်းလုပ်ငန်းတို့ အကျိုးရှိနိုင်ပါလိမ့်မည်။ လုပ်ငန်းစီးပွားရေးများတိုးချဲ့ ခြင်းနှင့် အလုပ်အကိုင် အခွင့်အရေးသစ်တို့ ရရှိနိုင်ပါလိမ့်မည်။အလုပ်ရှာနေသူများကတော့ မိတ်ဆွေများ၏ ကူညီလမ်းပြပေးမှုကြောင့်  လုပ်ရသက်သာအောင်မြင်နိုင်ပါတယ်။ ရာထူးတိုးခြင်း၊ အလုပ်အကိုင်အသစ်တို့ ရွေ့ပြောင်းရခြင်းတို့ ရရှိတက်ပါတယ်။ ကောင်းသောပြောင်းရွေ့ မှုသာဖြစ်ပါတယ်။ ပညာရေး အခြားကိစ္စတွေ အာရုံထားဖြစ်နေလို့ စာတော့ညံ့နေမယ်။ ပိုသတိထားကျိုးစားပါ။ကျန်းမာရေးအညံ့အဆိုးမရှိပေမယ့် အစုံစားပြီး ဝမ်းရောဂါ ရတက်တယ်။ အိမ်တွင်းရေး အိမ်ထောင်ရေး အိမ်မကပ်ချင်သူများကြောင့် အိမ်တွင်းရေး တိုက်ပွဲများဖြစ်ပေါ်နေရတက်တယ်။ အိမ်ထောင်ရေးမှာ သံသယရှိသလို အပြောအဆိုခံရတက်တယ်။လူမှုရေး လူချစ်၊ လူခင်ပေါ်များနေသလို၊ လူချစ်၊ လူခင်များနေတာကိုလည်း အမြင်ကပ်ခံနေရတက်တယ်။ အချစ်ရေး လိုချင်တာကအချစ်စစ် ရတာက နှုတ်ဖျားချိုချိုချစ်သူတွေ၊ လက်တွေ့ သစ္စာမရှိ၊ ချစ်သူများဖြစ်သွားရတက်တယ်။ အများအားဖြင့် အချစ်ရေး စန်းပွင့်ပါလိမ့်မည်။ သတိထားရွေးချယ်ပါ။ အချစ်အတွက် မလိုအပ်တာတွေတောင်းဆိုခံရတက်တယ်။

ကြာသာပတေး  The Magiciant

အရာရာဟာထင်မှတ်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ မျှော်လင့်ထားတာထက်မမျှော်လင့်သော အဖြစ်အပျက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာသောကတို့ ဖြစ်ရတက်တယ်။ စီးပွားရေး ကံအခြေအနေအရ အသင့်သင့်သာအနေအထားဖြစ်တယ်။ ကြီးကြီးမားမားရင်းနှီးထိုက်မှုတွေနဲ့ စွန့်စွန့်စားစား လုပ်ရမယ့်အရာတွေကိုရှောင်ပါ။ လူမှုရေး မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရတက်သလို အနီးကပ်လူတစ်ချို့၏ လှည့်ဖျားခြင်းနှင့် ဒုက္ခပေးခြင်းကို ခံရတက်တယ်။ ပညာရေး လက်ရှိလုပ်နေရတဲ့ ပညာရေးမှာ စိတ်လေစိတ်မပါ၊ စာမေးပွဲဖြေရန် အချိန်က နီးမှ စာကမရအခြေအနေမျိုး ဖြစ်တက်သည်။အလုပ်အကိုင် မထင်မှတ်သောအလုပ်တစ်ခုခု ရရှိနိုင်ပေမယ့် စိတ်တိုင်းမကျပဲ အခြားအလုပ်တစ်ခုခုကိုမျှော်လင့်နေလိမ့်မည်။ကျန်းမာရေး ထူးထူးညံ့သည်မရှိပဲ ညံ့သည်လို့ ကိုယ့်ကိုကိုယ်သံသယတွေဖြစ်တက်တယ်။ ခြေတို့ လက်တို့မှာညောင်းညာတာလောက်ပဲ ရှိနိုင်တာမို့ မညံ့ပါ။အိမ်တွင်းရေး အကောင်းလုပ်ပေးလည်းအဆိုးမြင် အိမ်တွင်းရေးမသာယာခြင်းတွေကြောင့် အိမ်အပြင်ကိုသာထွက်နေချင်စိတ် ရှိနေလိမ့်မည်။အချစ်ရေး မာယာလှည့်ကွက်တွေနဲ့ အကွက်ရွေ့နိုင်လွန်းတဲ့ ချစ်သူကိုရရှိတက်တယ်။ ငယ်သူများပိုသတိထားပါ။ မိဘသဘောမတူသူနှင့် ချစ်နေမိတက်တယ်။

သောကြာ The World

ရပ်ဝေးနေရာဝေးမှ သူများနှင့် ဆုံတွေ့ အဆင်ပြေနိုင်လိမ့်မည်။ မိမိမှာ အစွဲအလမ်းကြီးခြင်းတစ်ခုခုကြောင့် သောကဖြစ်ရတက်တယ်။စီးပွားရေး အဆင်ပြေကံကောင်းနိုင်သောကာလတစ်ခုဖြစ်ပါတယ်။မိမိလုပ်ချင်နေတာနဲ့ အခြားသူများနဲ့ ညှိနှိုင်းမရဖြစ်တက်တယ်။ စိတ်ရှည်သည်းခံပါ။အလုပ်အကိုင် နိုင်ငံရပ်ခြားနှင့် သက်ဆိုင်သော အလုပ်များအထူးကံကောင်းခရီးသွားလုပ်ငန်းနဲ့ သွင်းကုန် ထုပ်ကုန်အလုပ်တို့ အဆင်ပြေနိုင်မည်။ အလုပ်ရှာနေသူများက အထက်ပါလုပ်ငန်းများကို လျှောက်လွှာတို့ပေးပို့လိုက်ပါ။ပညာရေး နိုင်ငံခြားပညာသင်ခရီးသွားနဲ့ ပြည်တွင်းပညာရေးများလည်းကံကောင်းနိုင်ပါတယ်။ ပညာရေးတွင် မိမိကိုယ်ကိုယ်အားမရ၊ အလိုလောဘကြီးနေသည်ကြောင့် ပူပန်နေရတက်တယ်။ အိမ်တွင်းရေး မိသားစုများနှင့် ခွဲနေရသူများ ပြန်လည်ဆုံတွေ့ရနိုင်တယ်။ အိမ်တွင်းရှိ လူတစ်ဦးဦး အဝေးထွက်ရန် ကိစ္စကြုံတွေ့ ရလိမ့်မည်။လူမှုရေး မိတ်ဟောင်းဆွေဟောင်းများနဲ့ ပြန်လည်ဆုံတွေ့ ရတက်သလို အနေနီးပြီး ကိုယ့်ခံစားချက် သိနေသူတစ်ယောက်ယောက် ကိုယ့်အနားကထွက်ခွာသွားခြင်း ဖြစ်လိမ့်မည်။ ကျန်းမာရေး အအေးကြိုက်သောရောဂါ အအေးပတ်ခြင်း၊ ဖျားနာခြင်းတို့ ဖြစ်တက်တယ်။ ခေါင်းအုံ၊ ခေါင်းခဲသော ရောဂါတို့ သတိထားပါ။ လမ်းသွားခြင်း၊ ခရီးသွားခြင်းတို့ အထူးဂရုစိုက်သတိထားပါ။ အချစ်ရေး အနေဝေးကချစ်သူတွေ၊ အေးတိအေးစက် ဆက်ဆံမှုများကြောင့် လမ်းခွဲရမလိုလို၊ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်ရတက်တယ်။ ငယ်သူများ အထူးစန်းပွင့်နိုင်ပါလိမ့်မည်။

စနေ The Hermit

အရာရာကိုစိတ်ရှည်သည်းခံနိုင်ရလိမ့်မည်။ သည်းခံနေသည့်ကြားမှ ရောင့်တက်သလိုလို  စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်ရတက်တယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့သာ အဓိကပါ။စီးပွားရေး လုပ်ချင်တာကတစ်ခု လုပ်နေရတာကတစ်ခြားဖြစ်ပြီး အာရုံစားဗျာများရတက်တယ်။ အလုပ်ပြောင်းလဲခြင်းနဲ့ အခြားရွေ့ ပြောင်းခြင်းမလုပ်သင့်သေးပါ။လူမှုရေး အကူအညီတွေလည်းရနိုင်သလို၊ ဒုက္ခပေးသူများလည်းရှိနေတယ်။ မလိုတမာအမုန်းပွားခံရပေမယ့် ဘဝပျက်မသွားပါ။ သည်းခံကျော်ဖြတ်ပါ။အိမ်တွင်းရေး အိမ်တွင်းပြဿနာတွေကြောင့် အိမ်မှာမနေခြင်း၊ အဖေနဲ့အကိုတွေကြား စိတ်ညစ်နေရလိမ့်မည်။ မိမိသည်အိမ်ပေါ်မှ ထွက်သွားချင်စိတ်တို့ ပေါ်ပေါက်နေလိမ့်မည်။အလုပ်အကိုင် ရှာနေသူများ စိတ်တိုင်းကျသောအလုပ်မတွေ့နိုင်သေးသ၍ အလုပ်မှာသာ တော်သလိုသင့်သလို နေနေပါဦး။ အလုပ်ရှာနေသူများက ဇွဲရှိရှိဆက်ပြီးရှာဖွေပါ။ ကျန်းမာရေး မောပန်းခြင်း၊ အင်အားကုန်ခမ်းသောရောဂါနှင့် ရင်ကျပ်ရောဂါရှိသူများ အိပ်ရာထဲလဲရတက်သည်။ အချစ်ရေး အသက်ကြီးပြီး ဘာသာတရားကိုင်ရှိုင်းသူများနဲ့ ဖူးစာဆုံရတက်တယ်။ အပျော်ကြိုက်သူများနဲ့ကတော့ အဆင်မပြေလှပါ။ မေတ္တာရေးတွင် စန်းပွင့်ခြင်း နည်းနေဦးမည်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။