သရုပ်ဆောင်ဆုပန်ထွာကိုတော့ ချစ်ပရိသတ်တွေချစ်မှာပါ။ သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး သူမရဲ့ ချစ်စရာသားဦးလေးကို ပိုင်ဆိုင်ထားပါတယ်။ ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကတော့ မွေးနေ့မှာ ရဟန်းခံသာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ပါတယ်။သစ်တံခါးဆရာတော်ကျောင်းမှာ ဦးဇင်းရှင်အဂ္ဂနန္ဒ ဆိုတဲ့ ဘွဲ့နာမည်နဲ့ ရဟန်းခံခဲ့ပါတယ်။  

ယနေ့မှာတော့သူမက " ဒီနေ့အိမ်မှာဦးဇင်းတို့က သတ်သတ်လွတ်ဆွမ်းစားကြွတာမို့သတ်သတ်လွတ်ဟင်းတွေဖွယ်ဖွယ်ရာရာချက်ပြီးကပ်ဖြစ်ပါတယ် " ဆိုပြီး ပြောထားပါတယ်။ ဦးဇင်းရှင်အဂ္ဂနန္ဒ ကတော့ ဆုပန်ထွာတို့သားအမိ အိမ်ကို ရဟန်းတွေနဲ့တကွ ဆွမ်းစားကြွခဲ့ပြီး ဆုပန်ထွာတို့သားအမိ ကတော့ သက်သက်လွတ်ဟင်းတွေနဲ့ ကပ်လှူခဲ့ပါတယ်။  

ဆုပန်ထွာကတော့ ကုသိုလ်ရေးမှာ လက်မနှေးဘဲ ကုသိုလ်ယူတတ်သူဖြစ်ပါတယ်။ ဒကာမကြီးဆုပန်ထွာကလည်း သတ်သတ်လွတ်ဆွမ်းချိုင့်တွေ နေ့တိုင်းပို့ဆောင်ပေးပြီး ပါရမီဖက်ဖြည့်ကောင်းအဖြစ် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကုသိုလ်ယူနေပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင်ဆုပန်ထွာတို့သားအမိအိမ်ကို ဆွမ်းစားကြွခဲ့တဲ့ ဦးဇင်းရှင်အဂ္ဂနန္ဒ ရဲ့ သာဓုခေါ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။  

SOURCE: ဆုပန္ထြာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။