ပြည်သူတွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အားလုံးရဲ့အချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ မင်းသားချောလေးသူရိယနဲ့ မင်းသမီးချောလေး ဆုအိမ့်စံတို့ ဆယ်လီစုံတွဲလေးကတော့ မပါမဖြစ်ပါပဲ..။

ပရိသတ်အချစ်တော် သူတို့ချစ်သူနှစ်ဦးကတော့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုလေးတွေနဲ့ အေးချမ်းပျော်ရွှင်တဲ့အချစ်ရေးလေးကို နှစ်ယောက်အတူပိုင်ဆိုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေအမြဲအားကျချစ်ခင်နေရတဲ့ ဆယ်လီစုံတွဲလေးဆိုလည်း မမှားပါဘူး..။

ချစ်စရာကောင်းပြီး အမြဲလိုက်ဖက်ညီလွန်းတဲ့ သူတို့ချစ်သူနှစ်ဦးလေးကတော့ အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက်လည်း စုံတွဲပုံလေးတွေအမြဲပြန်လည်မျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ဓာတ်ပုံအသစ်လေးတွေကို ထပ်မံမျှဝေပေးလိုက်ပါတယ်..။

လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ယောက်ကတော့ ဓာတ်ပုံတွေထဲမှာ ချစ်တတ်လွန်းတဲ့ မင်းသားချောလေးသူရိယက သူ့သိပ်ချစ်ရတဲ့ချစ်သူလေး ဆုအိမ့်စံကို ရင်ခွင်ထဲထည့်ပြီးနောက်ကနေ သိုင်းဖက်ထားကာ ရိုမန်တစ်ဆန်ဆန်ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်..။

ပရိသတ်တွေအတွက် စုံတွဲပုံလေးတွေ မျှဝေထားရင်း “No matter what happens

i'll be there beside you...” ဆိုပြီးတော့ အားကျရလောက်အောင် အချစ်တွေကို ဖွင့်ဟ ရေးသားထားကြတာပါသေးတယ်..။

ချစ်သူသက်တမ်း(၁)နှစ်ကျော်ပြီဖြစ်တဲ့ သူတို့ချစ်သူစုံတွဲလေးဟာ လူငယ်တွေပီပီ အမြဲရိုမန်တစ်ဆန်ဆန်ချစ်တတ်ပြီး လိုက်ဖက်ညီလွန်းကြတာမို့ ပရိသတ်တွေကို အမြဲအားကျအချစ်ပိုစေတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး..။

Photo - Thu Riya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။