နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ ပြည်သူ့အချစ်တော်တွေကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ရေကြီးမှုများဖြစ်ပေါ်နေတဲ့နေရာဒေသတွေအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကူညီမှုများး ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်..။
သြဂုတ်လ(၁၀)ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့အတူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နတ္တလင်းကျေးရွာရှိ ရေဘေးဒုက္ခခံစားခဲ့ကြရတဲ့ ပြည်သူတွေအတွက် အလှူငွေများနဲ့ အသုံးဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။
ပြည်သူအချစ်တော်တွေဖြစ်ကြတဲ့ သရုပ်ဆောင်ထွန်းကိုကို၊ ပြည့်ဖြိုး ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ဝိုင်းလေး တို့နှင့် လုပ်အားပေးအသင်းသားများက နတ္တလင်းကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၁) စုနှင့် ခြောက်တဲစု ကျေးရွာ အိမ်ထောင်စု (၅၃)စုကို စားသောက်ကုန်များ၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။
ထို့ပြင်ကျောက်တံခါးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ကမ်းဘေး နှစ်ဘက်ရှိ ကျေးရွာများဖြစ်ကြတဲ့ ဒိုးတန်းရွာ အိမ်ထောင်စု (၇၀) ၊ လိန်ပင်ကျေးရွာ အိမ်ထောင်စု (၃၇) ၊ ကျောက်စရစ်အရှေ့ဘက်ကမ်းကျေးရွာ အိမ်ထောင်စု (၅၀) နဲ့ ကျောက်စရစ် အနောက်ဘက်ကမ်း ကျေးရွာ အိမ်ထောင်စု (၄၉) တို့ကိုလည်း စားသောက်ကုန်များ၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်..။
စက်လှေတွေနဲ့ သွားရောက်လှူဒါန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေလည်း ပရိသတ်တွေပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။
မွန်မြတ်တဲ့ စိတ်ထားနဲ့ သွားရောက်လှူဒါန်းခဲ့ကြတဲ့ ကြည်နူးသာဓုခေါ်စရာ အလှူပုံရိပ်လေးတွေကိုလည်း Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Photo - နာရေးကူညီမှုအသင်း(ရန်ကုန်)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။