ပရိသတ်ကြီးရေ မင်းသမီး နန်းစန္ဒာလှထွန်းကတော့ ''ရေဝတီ''ဆိုတဲ့ နာမည်လေးနဲ့ ပရိသတ်နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။ ဖြူစင်တဲ့အပြုံးလှလှလေးတွေနဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ သူမရဲ့မျက်နှာလေးက မြင်သူတိုင်း ချစ်မိစေမှာအမှန် ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေတစ်ဆင့် လူသိများလာတဲ့ သူမက လတ်တလောမှာ ဇာတ်ကားတွေနဲ့ ကြော်ငြာတွေရိုက်ကူးနေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ တွေ့ရပါတယ်။

အခုလည်း နန်းက သြဂုတ်လ၉ရက်နေ့က Pioneer Club မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ''Honor Brave Night Event ''ကို တက်ရောက်ခဲ့ပါတယ်။ ခဲရောင်ဂါဝန်လှလှလေးကို ဝတ်ဆင်လာတဲ့သူမက လှပတဲ့လိပ်ပြာလေးလို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ဒီပွဲလေးကို အနုပညာရှုင်များစွာ တက်ရောက်ခဲ့ပြီး Honorရဲ့ 9 liteဖုန်းသစ်ကို မိတ်ဆက်တဲ့ပွဲလေးဖြစ်ပါတယ်။

သူမရဲ့ ဝတ်စုံလှလှလေးကိုတော့ Grace(Diamond Thaw Mi) က စီစဉ်ပေးထားတာဖြစ်ပြီး ပွဲတက်မိတ်ကပ်ကိုတော့ မိတ်ကပ် L Lu Lu က အလှဆုံးခြယ်သပေးထားတာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ နန်းကပေါ်လွင်လှပနေသလို သူမရဲ့အပြုံးလေးတွေကလည်း အားလုံးရဲ့အသည်းကို ခြွေနိုင်အောင် လှနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း မင်းသမီးလေး နန်းစန္ဒာလှထွန်းရဲ့ ချစ်စရာကောင်းတဲ့ ပွဲတက်ဖက်ရှင်ပုံလေးတွေကို ရှုစားဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: Nan Sandar Hla Htun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။