အနုပညာလောကရဲ့ နာမည်ကြီးမိသားစုတစ်ခုဖြစ်သလို ပရိသတ်တွေကြား စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ မိသားစုတွေထဲမှာ မင်းသား လွင်မိုးတို့ မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးဟာလည်း ပရိသတ်တွေကြား အားပေးမှုရရှိထားသူတစ်ဦးဖြစ်ပြီး သူမရုတ်တရက်လက်ထပ်ခဲ့တဲ့ သတင်းဟာ လူမှုစာမျက်နှာပေါ်မှာ အတော်လေးရိုက်ခတ်ခဲ့ပါသေးတယ်။ 

လက်ရှိမှာတော့ ဦးလွင်မိုး မမေသူနဲ့ ညီမဖြစ်သူ ယွန်းနဒီလွင်မိုးတို့ကတော့ အမတို့ဇနီးမောင်နှံနေထိုင်ရာ သြစတြေးလျကို ရောက်ရှိလို့နေကြောင်း instagram ဓာတ်ပုံတွေအရ သိရပါတယ်။ ပရိသတ်တွေကြားမှာတော့ ယွန်းဝတီလွင်မိုးတစ်ယောက် ကိုယ်ဝန်လွယ်ထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူမတို့ဘက်ကတော့ အတိအလင်းထုတ်ဖော်ပြောဆိုခဲ့ခြင်း ယနေ့တိုင် မရှိခဲ့တာ တွေ့ရပါတယ်။

သို့ပေမဲ့ ယွန်းဝတီလွင်မိုးရဲ့ instagram နောက်ဆုံး update အရ 5 days post- ဆိုတာလေးနဲ့အတူ ကလေးငယ် emoji လေးတင်ထားတာ တွေ့ရပါတယ်။ သူမနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချို့ကတော့ သူမတို့ ဇနီးမောင်နှံနှစ်ဦးကို ဂုဏ်ပြုစကားဆိုထားတာ တွေ့ရပါတယ်။ အချို့ကတော့ "မင်းရဲ့ မိသားစုဝင်အသစ်လေးကို တွေ့ချင်လှပြီ" ဆိုပြီး comment ရေးသားထားတာလေးတွေကိုတွေ့ရပြီး ပရိသတ်အချို့ကတော့ ချစ်ရတဲ့ခေး မကြာခင် မိခင်ဖြစ်တော့မယ်လို့ ကောက်ချက်ချနေကြတာတွေ့ရပါတယ်။

Source: Yun Waddy Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။