ဒီနေ့ည ခုနှစ်နာရီ ကို ကျော်လွန်တာနဲ့ အားလုံး ရင်ခုန်စောင့်စားလာကြတဲ့ Myanmar Idol ရဲ့ Season 3 - Grand Final ကို ကြည့်ရှုရတော့မှာဘဲ ဖြစ်ပါတယ် ။ အခက်အခဲတွေကြားထဲကနေ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင် နှစ်ဦးဖြစ်တဲ့ချမ်းမြေ့မောင်ချို နဲ့ ဖြိုးမြတ်အောင်တို့သာ နောက်ဆုံးစကာတင် အဖြစ် ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ရတော့မှာပါ ။ ဒီညမှာ ဘယ်သူက ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်မှာလဲ ဆိုတာ အားလုံးသိချင်နေကြတဲ့ မေးခွန်းတစ်ခုပါ ။

ပြိုင်ပွဲဝင်တွေထဲမှာတော့ ဖြိုးမြတ်အောင် ( နံပါတ် ၇) ဟာ winner အဖြစ်ပရိသတ်ရွေးချယ်မှုအများဆုံးနဲ့ ရေပန်းအစားဆုံး ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်လို့နေပါတယ်။ လှည်းနေလှေအောင်းမြင်းစောင်းမကျန် ကျေးလက်တောရွာ ကအထိ ဝက်ဝက်ကွဲအားပေးမှုတွေကိုရရှိနေတာ ဖြိုးမြတ်အောင်ပါ ။ ဒါ့အပြင် ဒီတစ်ခေါက်မှာ အနုပညာရှင် တော်တော်များများ ရဲ့ ထောက်ခံမှုကို လည်းရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ရိုးသားကြိုးစား ဧရာဝတီသားလေးဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲတစ်လျှောက် Bottom တစ်ကြိမ်သာထိုင်ခဲ့ရပြီး အမှားနှစ်ကြိမ်သာရှိခဲ့ပါတယ်။ပြိုင်ပွဲဝင်သီချင်းတွေကိုလည်း ပြောင်းလဲခဲ့ခြင်းမရှိဘဲ ကျရာသီချင်းတွေကိုသာ အကောင်းဆုံးပြိုင်ဆိုင်ခဲ့သူပါ ။

နောက်တစ်ယောက်ကတော့ ပေါ်ပြုူလာမဖြစ်သော်လည်း ပရိသတ်ထောင်ပေါင်းများစွာရဲ့ ချစ်ခင်မှုနဲ့ ကြိုးစားနေတဲ့ ချမ်းမြေ့မောင်ချိုပါ။အသက်အငယ်ဆုံးပြိုင်ပွဲဝင် မောင်ချိုကလည်း အနုပညာရှင်တွေရဲ့ ဝန်းရံမှုကို ရရှိထားသူတစ်ယောက်ပါ။ ပြိုင်ပွဲတစ်လျှောက် ဆိုးဝါးလှတဲ့ ကျန်းမာရေးပြသနာတွေ ၊ အခြေအနေဆိုးတွေထဲက ရုန်းကန်ပြိုင်ပွဲဝင်ခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ နယ်ပရိသတ်အမာခံမရှိသော်လည်း သူမရဲ့ ချစ်စရာကောင်းတဲ့ သီဆိုဟန်တွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသူဖြစ်တာမို့ အထင်မသေးသင့်တဲ့သူတစ်ယောက်ပါ ။ ပြိုင်ပွဲတစ်လျှောက် Bottom နှစ်ခါထိုင်ခဲ့ရပြီး သီချင်းစာသားမေ့ခြင်း စတဲ့ အမှားတွေ များခဲ့သော်လည်း သူမကို အားပေးကြတဲ့ ပရိသတ်တွေကြောင့် နောက်ဆုံးအဆင့်အထိရောက်ရှိလာခဲ့သူတစ်ယောက်ပါ။

ဒီနေ့ ည ဖိုင်နယ်ပွဲစဉ်မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်လုံးကို အားပေးကြတဲ့ မြန်မာနိုင်ငံကြီးကပရိသတ်တွေက Vote ပေးပြီးရွေးချယ်ကြတော့မှာပါ ။ ယမန်နှစ်ကတော့ သားငယ် နဲ့ ဘီလီလမင်းအေးတို့ နောက်ဆုံးဖိုင်နယ်မှာယှဉ်ပြိုင်ခဲ့ကြပါတယ်။ Myanmar Idol ပြိုင်ပွဲဟာ သမိုင်းစဉ်တစ်လျှောက် အမျိုးသမီး Winner ထွက်ပေါ်လာခဲ့ခြင်းမရှိသေးတာကလည်း ထူးခြားတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဒီည ဘယ်သူ့ကို အားပေးကြမလဲ.......တခြားသူတွေနဲ့ ရင်ခုန်သံတူမတူသိရအောင် မှတ်ချက်မှာ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်နံပါတ်လေး ရေးပေးခဲ့ကြပါနော်။

Exclusive on Myanmar Load

Photo - Myanmar Idol / MNTV / Phyo Myat Maung/ Chan Myae Maung Cho

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။