ဒီနေ့ည ခုနှစ်နာရီ ကို ကျော်လွန်တာနဲ့ အားလုံး ရင်ခုန်စောင့်စားလာကြတဲ့ Myanmar Idol ရဲ့ Season 3 - Grand Final ကို ကြည့်ရှုရတော့မှာဘဲ ဖြစ်ပါတယ် ။ အခက်အခဲတွေကြားထဲကနေ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင် နှစ်ဦးဖြစ်တဲ့ချမ်းမြေ့မောင်ချို နဲ့ ဖြိုးမြတ်အောင်တို့သာ နောက်ဆုံးစကာတင် အဖြစ် ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ရတော့မှာပါ ။ ဒီညမှာ ဘယ်သူက ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်မှာလဲ ဆိုတာ အားလုံးသိချင်နေကြတဲ့ မေးခွန်းတစ်ခုပါ ။

အားလုံးက ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ကြမယ်လို့မျှော်လင့်ထားခဲ့ကြပေမယ့် မောင်ချိုတစ်ယောက် ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒီအကြောင်းကြောင့် ဖြိုးမြတ်အောင်တစ်ယောက် Winner ဆုကို ထိုက်ထိုက်တန်တန် ရရှိဖို့အခွင့် သေချာသလောက်နီးပါးဖြစ်သွားပါပြီ။ချမ်းမြေ့မောင်ချိုက တော့ ကျန်းမာရေးအခြေအနေကြောင့် လာရောက်မယှဉ်ပြိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

အခုကတော့ အားလုံးမျှော်လင့်ထားခဲ့တဲ့အတိုင်း ဖြိုးမြတ်အောင် ဟာ Winner ဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်တော့မှာဖြစ်တဲ့အတွက် သူရဲ့ ပရိသတ်တွေက ပျော်ရွှင်နေကြပါပြီ ။ တစ်ဖက်မှာတော့ မောင်ချိုရဲ့ ပရိသတ်တွေကတော့နောက်ဆုံးပြိုင်ပွဲမပြီးခင်အထိချမ်းမြေ့မောင်ချိုလာရောက်ယှဉ်ပြိုင်မယ့်အချိန်ကိုမျှော်လင့်နေကြဆဲပါ ။ ပရိသတ်ကြီးရေ ဖြိုးမြတ်အောင်အတွက်ဝမ်းသာစကားလေးတစ်ခွန်းလောက်မှတ်ချက်မှာပြောပြသွားကြပါနော်။

Source- Myanmar Idol / MNTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။