ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင် နန်းဆုရတီစိုးကတော့ အခုတလောမှာ ပိုတိုးတဲ့အလှနဲ့ ဆွဲဆောင်မှုရှိလာတာ တွေ့ရပါတယ်။ ဘာဘီရုပ်လေးလို မျက်နှာလှလှလေးရဲ့ပိုင်ရှင် နန်းဆုက ချိုသာတဲ့အသံပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ပန်းရောင်သန်းနေတဲ့ ပါးနုနုလေးတွေနဲ့ ပုရိသတွေကို ရင်ခုန်စေနိုင်သလို ချစ်သူ G fatt နဲ့လည်း သာယာတဲ့အချစ်ခရီးလမ်းကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

လတ်တလောမှာ နန်းဆု စင်ကာပူနိုင်ငံကို ချစ်သူရဲ့ ရှိုးပွဲအတွက် သွားရောက်အားပေးခဲ့တာ တွေ့ရပါတယ်။ သူမအနေနဲ့ သီချင်းသစ်လေးတွေ ဖန်တီးနေသလို သူမသရုပ်ဆောင်ထားတဲ့ G fatt ရဲ့ ''အကယ်၍လက်ထပ်ကြတဲ့အခါ''ဆိုတဲ့ သီချင်းဗီဒိယိုလေးဟာလည်း ပရိသတ်တွေကြားမှာ လူကြိုက်များအောင်မြင်ခဲ့ပါတယ်။

အခုလည်း နန်းဆုက ပန်းပွင့်လေးတွေနဲ့အတူ အလှချင်းပြိုင်နေတဲ့ သူမရဲ့အလှပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ''မိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ ပန်းပွင့်လေးနဲ့တူပါတယ်။ ပန်းလေးတွေလို ကောင်းကောင်းပျိုးထောင်ပေးရင် ဝေဝေဆာဆာနဲ့ လှပပွင့်လန်းလာမှာပါ''ဆိုတဲ့ စာသားလေးနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ ကဲချစ်ပရိသတ်တွေလည်း နန်းဆုရတီစိုးရဲ့ ပန်းပွင့်လေးပမာ ဝေဆာလှပနေတဲ့ အလှပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nan Su Yati Soe:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။