ပရိသတ်ကြီးရေ မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ ကျစ်လစ်လှပတဲ့ ကောက်ကြောင်းအလှတွေကြောင့် ဆက်တိုက်ဆိုသလို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိနေတာ တွေ့ရပါတယ်။ Balance Fitness Gym ဖွင့်ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ သင်ဇာရဲ့အလန်းစားဖက်ရှင်ကလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။

လတ်တလောမှာ သင်ဇာက ''အချစ်ဆုံး Crush'' ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမက မသန်မစွမ်းကလေးငယ်တွေအတွက် ဒါနကုသိုလ်ပြုပေးခဲ့သလို အောင်ဇမ္ဗူတောရရိပ်သာမှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အခုလည်း သင်ဇာက သူမရဲ့အလန်းစားဗီဒီယိုလေးကို facebook မှာ တင်ခဲ့ပြီး လူကြိုက်များအောင်မြင်ခဲ့ပါတယ်။

ဒီဗီဒီယိုလေးမှာ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှပိုင်ရှင် သင်ဇာက ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတဲ့အတိုင်း ကြွကြွရွရွလေးလမ်းလျှောက်နေပုံကို အနောက်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ တင်ပါးအလှတွေထင်ဟပ်နေတဲ့ သူမရဲ့ပုံစံ တကယ့်ကို လွင့်ပြီးစမတ်ကျနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ရေပန်းစားနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဗီဒီယိုလေးကို ကြည့်ရှုဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Thin Zar Wint Kyaw; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။