Myanmar Idol Season 3 ပြိုင်ပွဲကြီးကတော့ တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားမှုများစွာနဲ့ နောက်ဆုံးဖိုင်နယ်ပွဲကြီးကို ယှဉ်ပြိုင်နေပါတယ်။ပွဲစဉ်အစပိုင်းမှာတော့ နောက်ဆုံး Finalist ပြိုင်ပွဲဝင်နှစ်ဦးအနက် ချမ်းမြေ့မောင်ချိုဟာ ကျန်းမာရေးအခြေအနေတွေအရ ပြိုင်ပွဲကို လာရောက်နိုင်ခြင်းမရှိတာကြောင့် ကျန်တဲ့ပြိုင်ပွဲဝင်ဖြိုးမြတ်အောင် ကို Myanmar Idol တာဝန်ရှိသူများရဲ့အဆုံးအဖြတ်အရ Winner ဆုကြီးကိုပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့်လက်ရှိမှာပရိသတ်တွေလုံးဝထင်မှတ်မထားတဲ့အရာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ကျန်းမာရေးပြသနာများကြောင့် ပွဲပြိုင်ကို လာရောက်ခြင်းမရှိဘူးလို့ပရိသတ်တွေသိထားတဲ့ ချမ်းမြေ့မောင်ချို တစ်ယောက်ပြိုင်ပွဲရဲ့နောက်ဆုံးမိနစ်တွေမှာ မမျော်လင့်ပဲ ပြန်လည် မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။သူမကတော့လက်ရှိမှာကျန်းမာရေး မကောင်းတဲ့ကြားကနေပြိုင်ပွဲကိုသွားရောက်နေပြီဆိုတဲ့ ဓာတ်ပုံလေးတွေ လူမှုကွန်ယက်ပေါ်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။

တကယ့်ကိုမထင်မှတ်တဲ့အခြေအနေတစ်ခုပါပဲပရိသတ်ကြီးရေ။ပရိသတ်တွေလုံးဝထင်မှတ်မထားတဲ့ အခြေအနေလေးတစ်ခု ဖြစ်တာကြောင့် မောင်ချိုရဲ့ပြိုင်ပွဲလာရောက်နေပုံမှုရိပ်လေးတွေဟာ အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားစရာပဲဖြစ်ပါတယ်။မောင်ချိုကိုပြိုင်ပွဲ လာရောက်ဖို့မျှော်လင့်နေကြတဲ့ပရိသတ်တွေလည်းအရမ်းကိုရင်ခုန်နေကြမယ်ထင်ပါတယ်။သူမကတော့တကယ်ပဲပြိုင်ပွဲကြီးကိုလာရောက်ရှိလာခဲ့တာဖြစ်ပြီး နောက်ဆုံးလက်ကျန်မိနစ်များမှာ ပရိသတ်တွေကိုရှိသမျှအင်အားတွေနဲ့သီချင်းတွေဖျော်ဖြေအုန်းမှာပဲဖြစ်ပါတယ်နော်။ချမ်းမြေ့မောင်ချိုရဲ့ပရိသတ်အတွက်တော့ တကယ့်ကိုဝမ်းသာစရာကြီးပဲဖြစ်ပါတယ်။သူမပရိသတ်တွေရဲ့လက်ခုတ်သံများနဲ့ အစွမ်းကုန်ကိုအားပေးလိုက်ကြရအောင်။

သတင်းအရင်းအမြစ် - ချမ်းမြေ့မောင်ချို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။