မြန်မာအိုင်ဒေါ မိသားစုဝင်တစ်ဦးဖြစ်တဲ့ season 2 Number 4 ပြိုင်ပွဲဝင် မိုင်းမိုင်ဆန်းကတော့ မြန်မာပြည်သိန်းတန်ဟာ အစီအစဉ်အောင်မြင်ဖို့အတွက် အန်တီရယ်ကျေးဇူးပြုပြီးခနလေးညိမ်ညိမ်လေး ပါးစပ်ပိတ်ပြီးနေပေးပါလား ဖွင့်ပြောလိုက်ပါတယ်။ Rockerမလေး မိုင်းမိုင်ဆန် ဟာ Myanmar Idol Season 2 မှာ ပရိသတ်တွေအားပေးမှုကို ရရှိထားတာလည်းဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုတစ်ယောက် သူမရဲ့ အားနည်းချက်တွေကြောင့်ဝေဖန်ခံနေရချိန်မှာအခုလိုပြောလိုက်တာပါ။

မိုင်းမိုင်ဆန်က "မိခင်မေတ္တာကိုနားလည်ပါတယ်..ဒါမဲ့တခြားသူတွေလည်း အမေတွေရှိပါတယ်.အန်တီရယ်ကျေးဇူးပြုပြီးခနလေးညိမ်ညိမ်လေး ပါးစပ်ပိတ်ပြီးနေပေးပါလားခနဘဲကလေးကသူ့အမှားကြောင့်တစ်ဆ,အန်တီ့အပြောတွေကြောင့်၃ဆခံနေရတယ်ဟူး" လို့ သူမရဲ့ အမြင် ကို ပွင့်ပွင့်လင်းလင်းပေါက်ကွဲခဲ့ပါတယ်။မိုင်းမိုင်ဆန်ဟာ တိုင်းရင်းသူလေးတစ်ယောက်ပီပီ သူမ စိတ်ထဲရှိတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောတတ်တာလေးကြောင့် ပရိသတ်တွေကအချစ်ပိုနေသူတစ်ဦးပါ ။

မိုင်းမိုင်ဆန်တစ်ယောက် မြန်မာပြည်သိန်းတန် နှင့် နေခန့်မင်းသစ်ဘက်ကနေရပ်တည်ပြီးလည်းပြောပြထားပါသေးတယ်။ မကြာသေးခင်ကဘဲနောက်ဆုံးအဆင့် ပြိုင်ပွဲမှာကျန်ရှိတဲ့ ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချိုပရိသတ်တချို့ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ပွဲဆူနေချိန်မှာ မိုင်းမိုင်ဆန်က သူမရဲ့ ဖေ့ဘုတ်ကနေ ပြောခဲ့ပြန်ပါသေးတယ်။ပ ရိသတ်ကြီးရေ မိုင်းမိုင်ဆန်ရဲ့စိတ်ကို သေချာဖတ်ကြည့်ပြီး ကိုယ့်ရဲ့ အမြင်ကို မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - Mai Mai Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။