အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွားသတိလာသတိ အမြဲဂရုတစ်စိုက်နဲ့ ရှိနေရမဲ့ အချိန်ကာလ တစ်ခုဖြစ်ပါတယ်။လူအများကတော့ ကိုယ်ဝန်ဆောင်စဉ် အတူနေရင်အန္တရယ်ရှိနိုင်လားဆိုတဲ့ မေးခွန်းကို တော်တော်များများ သိချင်နေကြပါတယ်။ဒီလိုအချိန်မှာအတူနေလိုက်လို့ ကလေးအပေါ်မှာထိခိုက်မှုတွေရှိလား စသည့်ဖြင့်ပေါ့။ပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အတူနေနိုင်ပါတယ်လိုဆိုထားပါတယ်။ ဒါပေမဲ့ မွေးဖွားခါနီးပြီဆိုရင်တော့ ရှောင်သင့်ပါတယ်တဲ့။ 

တစ်ခုသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်နေစဉ်ကိုယ်ဝန်ပျက်ကျဖူူးသလား၊ လမစေ့ဘဲမွေး ဖူးသလား၊ အချင်းရှေ့ရောက်နေခြင်း၊ အမွှာကိုယ်ဝန်လွယ်ထားရခြင်း၊စတဲ့ အချက်တွေသာ ရှိခဲ့ဖူးရင် ကိုယ်ဝန်ဆောင် နေစဉ် အတွင်းမှာအတူမနေသင့်ပါဘူး။အမျိုးသမီးများအဖို့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အမျိုးသားနဲ့အတူနေ ဖို့စိတ်မပါခြင်း၊ တစ်ကယ်လို့အတူနေမိရင်လည်း မိခင်မှတစ်ဆင့် ကလေးငယ်ကိုရောဂါတွေကူးစက်နိုင်တာ ကြောင့် ရှောင်ကြည်ရင်အကောင်းဆုံးဖြစ်ပါတယ်။မွေးဖွားပြီးပြီးချင်လည်း အတူမနေသင့်ပါဘူး။

ချုပ်ရိုးတွေနာ ကျင်ခြင်း၊ ရာသီသွေးတွေဆင်းခြင်း၊နို့တိုက်ခြင်းအတွက်အားတွေလျော့နည်းခြင်း၊ တို့ကြောင့် မွေးဖွားပြီး ၄၅ ရက် ပြည့်အောင်နေပြီးမှ အတူနေနိုင်ပါတယ်။ ၄၅ ရက်ပြည့်ပြီးရင်တော့ သားအိမ်ရော လူကြီးရော စိတ်ဓာတ် ရေရာတွေပါ မှုလနေရာအနေထားကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့အတွက် အတူနေ လို့ရပါပြီ။ ဒါကြောင့် မိခင်လောင်တွေအနေနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုသိရှိထားပြီး မိမိရဲ့အမျိုးသားကိုလည်း နားလည်သိရှိအောင် ပြောပြထားဖို့လိုကြောင့် တင်ပြလိုက်ရပါတယ်။ 

Source : Health Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။