မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်ကြီးမားစွာကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ စက်တင်ဘာ၂၄ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကော်မတီအသင်းတွင် ကျင်းပခဲ့သည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွက် မြန်မာနိုင်ငံ၏အဓိကပြတ်ရွေ့ကြောဖြစ်သော စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက်ပြတ်ရွေ့ဖြစ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ငလျင်လှုပ်ခဲ့သည်ရှိသေည် အထက်အောက်လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုကို ပို၍ခံစားရမည့်အပြက် ပို၍ထိခိုက်ဒဏ်ရာရနိုင်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများဖြစ်သော မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တေညင်ငူ၊ ဖြူး၊ ပဲခူးတို့တွင် ယခုကဲ့သို့ အင်အားကြီးငလျင်လှုပ်ခတ်ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်မည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ အနောက်ဘက် ၃၅ကီလိုမီတာအကွာတွင် တည်ရှိသဖြင့် အလားတူ ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်မည်ဖြစ်ကြောင်းသိရသည်။
" ငလျင်က ဘယ်အချိန်လှုပ်မလဲဆိုတာ ပြောလို့မရသေးဘူး။ ပြတ်ရွေ့တွေကအများကြီးရှိတယ်။ တစ်ချိန်မဟုတ်တစ်ချိန်လှုပ်နိုင်တယ်။ ပြီးတော့ဆူနာမီဖြစ်နိုင်တဲ့ ငလျင်တွေလည်းရှိတယ်။ စစ်ကိုင်းပြတ်ရွေ့က အမြဲ active ဖြစ်နေတယ် " ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်မှဆိုသည်။
Source : Eleven
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။