လူတိုင်းလူတိုင်း ကျန်းမာရေးကိုဂရုစိုက်သင့်ပါတယ်။လေရောဂါနဲ့ ပတ်သက်လို့ သတိတစ်လုံးရှေ့ထားပြီး ဂရိုစိုက်ရမယ်မဟုတ်လား။လေဖြတ်နိုင်တာက အမျိုးမျိုးလက္ခဏပြလည်းရှိတတ်ပါတယ်။ ဒါပေမဲ့ လေဖြတ် တော့မယ်ဆိုရင် လက္ခဏတစ်မျိုးမဟုတ်တစ်မျိုးပြတတ်ပါတယ်။လေဖြတ်ခြင်းက ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ တို့ဆိုပြီးရှိပါတယ်။လေဖြတ်ပြီဆိုတာနဲ့ဦးနှောက်းရှိဆဲလ်ပေါင်း များစွာဟာ ပျက်စီးကြပါတယ်။ ဒါကြောင့်လေဖြတ်ပြီဆိုတာနဲ့ ဆေးရုံးဆေးပေးခန်းတွေကို မြန်မြန်ရောက်နိုင်မှ အဲလို ဆဲလ် ပေါင်းများစွာ ပျက်စီးခြင်းမှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဦးနှောက်ဆဲလ်တွေပျက်စီးခြင်းကြောင့် မှတ်ဉာဏ်တွေပျေက်ဆုံးပြီး လူအကောင်းပတိပြန်မဖြစ်ကြတော့တာပါ။

လေဖြတ်တော့မယ်ဆိုရင် ခေါင်းတစ်အားကိုက်တတ်ကြပါတယ်။ ဒါကြောင့် ခေါင်းကိုက်ပီဆိုရင် ပေါ့ပေါ့ဆဆ မထားကြပါနဲ့။မျက်လုံးထဲမှာ အရာဝတ္တူတစ်ခုကို နှစ်ထပ်မြင်နေရခြင်း၊ နောက်တစ်ခုကတော့ အိပ်ယာက ထထ ချင်မှာ လက်တွေခြေထောက်တွေ ထုံကျင်နေခြင်း၊ ဒါလည်းပေါ့ဆလို့မရပါဘူး။ အိပ်နေရင်းနဲ့ဖိပြီအိပ်သွားတယ် ထင်တယ်ဆိုပြီး လွယ်လွယ်မထားကြပါနဲ့။စကားပြောရင် ဗလုံးဗထွေးနဲ့ပြောခြင်း၊ ဒါဟာနဂိုကဒီလိုမပြောဘူး ခုမှ ထဖြစ်တယ်ဆိုရင် တော့ဒါဟာလေဖြတ်နိုင်ခြေများပြီး မျက်နှာတစ်ခြမ်းရွဲ့တဲ့အထိဖြစ်တတ်တာမို့ ဂရိုစိုက်ပေးပါ။

နေရင်းထိုင်ရင်း ဒယိမ်းဒယိုင်းတွေဖြစ်နေခြင်း၊ စိတ်ချုပ်ထွေးစရာတွေခံစားရလာခြင်း၊အာရုံးစူးစိုက်မှုလျော့နည်း လာခြင်း၊ခဏခဏမေ့တတ်ခြင်း၊ အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏတွေပေါ်ပေါက်ခဲ့ရင် မပေါ့ဆကြဖို့ မိမိမိသားစု တွေထဲမှာ ဒီလိုမျိုးတွေဖြစ်ပေါ်ခံစားရတယ်ဆိုရင် နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ပြသပေးဖို့လိုပါတယ်နော်။

Source : youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။