သြဂုတ် ၇ ရက်နေ့မှာတော့ ဂျာမနီနိုင်ငံ၊ ဘာလင် မြို့ရဲ့ ရွန်နီဖီးလေဆိပ်တွင် ဗုံးလို့ယူဆရတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့တာကြောင့် လေဆိပ်တခုကို ခေတ္တပိတ်ခဲ့ရပါတယ်။လေဆိပ်ဝန်ထမ်းတွေဟာ ခရီးဆောင်အိတ်တွေကို ပုံမှန်စစ်ဆေးမှုပြုလုပ်ရာမှာ အိတ်တလုံးအတွင်းက သံသယဖြစ်ဖွယ်အရာတွေကို ရှာတွေ့ခဲ့တာကြောင့်အခုလိုလုပ်ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။အဆိုပါ ခရီးဆောင်အိတ်ကို ပထမအကြိမ် ဓာတ်မှန်ရိုစစ်ဆေးရာမှာ သံသယရှိဖွယ်အရာကို ရှာတွေ့ခဲ့တာဖြစ်ပြှီး အရေးပေါ်လုံခြုံတပ်ဆင်ထားတဲ့ အချက်ပေးသံများပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

ထိုအချက်ပေးသံကြောင့် ရဲတပ်ဖွဲ့က သံသယဖြစ်တဲ့အရာကို စစ်ဆေးခဲ့ရပြီး စစ်ဆေးနေစဉ် လေဆိပ်အဆောင်ဒီကို ခေတ္တပိတ်ခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အိတ်ပိုင်ရှင်ခရီးသည်ကို လေဆိပ်ဝန်း အသံလွင့်ဌာနမှတစ်ဆင့် ဆင့်ခေါ်စစ်ဆေးခဲ့ရာ သူ့အိတ်ထဲမှာ နည်းပညာဆိုင်ရာ အရာဝတ္တုတွေသာ ပါတယ်လို့ ပြောပါတယ်။  

နိုင်ငံရဲတပ်ဖွဲ့နဲ့ ဗုံးရှင်းလင်းရေးအဖွဲ့တို့က အဆိုပါအိတ်ကို ၁ နာရီကျော်ကြာ စစ်ဆေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ သံသရဖြစ်ဖွယ်ပစ္စည်းတွေဟာ Sex Toys တွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာ ဂျာမနီနိုင်ငံရဲ့လှုအရှုပ်ထွေးဆုံးလေဆိပ်တခုဖြစ်တဲ့ ဖရန့်ဖတ်လေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ သံသယရှိတဲ့ မိသားစုတစ်စုကို လုံခြုံရေးက မှားယွင်းလွှတ်ပေးလိုက်မှုပြီးနောက် ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ဖရန့်ဖတ်လေဆိပ်ရဲ့လုံခြုံရေးဆုံးဖြတ်ချက်ချမှုကြာင့် ခရီးသည်ပေါင်း ၇၀၀၀ လောက် ခရီးစဉ်ရပ်ဆိုင်းမှုတွေနဲ့ ထိခိုက်နစ်နာခဲ့ရတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။