အမျိုးသမီးတစ်ယောက်အဖြစ်ဘဝကိုဖြတ်သန်းရတာ အန်မတန်ခက်ခဲလှပါတယ်။ ကျန်းမာရေးဆိုလည်း ခြေဆုံးခေါင်းအစဆိုသလို သေချာဂရုစိုက်ပေးမှ ရတာမလား။ကမ္ဘာပေါ်မှာနို့ကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေ အများကြိးပါ။ ဖြစ်စမှာတော့ ပျေက်ကင်းအောင်ကုသနိုင်ပါတယ်။ရင်သားဟာ ပုံမှန်မဟုတ်ဘူး တစ်ခုခု စိတ်ထဲ မင်္သာကာတော့ဘူးဆိုရင် ဆရာဝန်နဲ့ ပြသပေးပါ။

ရင်သားနှစ်ဖက်မှာ တစ်ဖက်ကကြီးနေရင်၊ နို့သီးဘေးပတ်လည်မှာ နီမြန်းလာခြင်း၊ ယားလာခြင်း၊ကလေးအမေ မဟုတ်ဘဲ နို့သီးခေါင်းမှ အရေတစ်မျုးိမျိုးထွက်ခြင်း၊ဂျိုင်း၊ရင်ဘတ်၊ ပတ်ဝန်ကျင်တွင် အကျိတ်တွေရှိလာခြင်း၊ နဂိုရှိရင်ထက် အရေပြားထူလာခြင်း၊နို့ပေါ်တွင် အချိုင့်လေးများ ပေါ်လာခြင်း၊ ပုံစံအရွယ်အစားပြောင်းလဲ လာခြင်း၊နို့သီးဟာအထဲကိုဝင်သွားခြင်း၊ နို့အုံ၊ ဂျိုင်းတွေနာလာခြင်း၊ တို့ခံစားရတတ်ပါတယ်။

နို့ကင်ဆာရှိမရှိ ဓာတ်မှန်ရိုက်ကြည့်သင့်ပါတယ်။စောစောသိရင် ကြိုကာကွယ်နိုင်တာမို့ စစ်ဆေးသင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပေါ့ဆမနေဖို့ ဒီနို့ကင်ဆာဟာ အသက်အန္တရယ်ပါ စိုးရိမ်းရတဲ့အတွက် အသက်ငယ်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း စစ်ဆေးမှုခံယူသင့်ပါကြောင့် တင်ပြလိုက်ရပါတယ်။

Source : aung khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။