သံလွင်တံတား (ချောင်းဆုုံ) ကိုု ဗိုုလ်ချုပ်အောင်ဆန်းတံတားဟုု အမည်ပြောင်းခဲ့သည့်အပေါ် ဒေသခံများစိတ်ပျက်

သံလွင်မြစ်ဝအနီးရှိ မော်လမြိုင်မြို့နှင့် ဘီလူးကျွန်းတို့ကိုုဆက်သွယ်ဖောက်လုုပ်ထားသည့်တံတားကိုု မူလအမည် သံလွင်တံတား (ချောင်းဆုုံ) အဖြစ်မှ ဗိုုလ်ချုပ်အောင်ဆန်းတံတားဟုု အမည်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းအပေါ် မွန်ပြည်နယ်ဒေသခံများ၊ အထူးသဖြင့် မွန်တိုုင်းရင်းသားများ အကြားတွင် စိတ်ပျက်မှုများဖြစ်နေကြသည်ဟုု သိရသည်။

"အမျိုးသားရင်ကြားစေ့ရေးလို့ ကြွေးကြော်ပြီး ဒီလုပ်ရပ်ဟာ တိုင်းရင်းသားများအပေါ် အသိအမှတ်ပြုမှုမရှိသလို လူမျိုးကြီးလွှမ်းမိုးရေးဝါဒကို ဖြစ်စေလိမ့်ယုံသာမက တိုင်းရင်းသားချစ်ကြည်ရင်းနှီးရေးကို ပျက်ပြားအောင်လုပ်မယ့် ခြေလှမ်းပဲလို့ သုံးသပ်ရပါမယ်။ အချင်းချင်းအပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားသမှု မရှိသမျှတော့ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းရေးတို့ဆိုတာဝေးပါအုံးမယ်" ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက ဝေဖန်သုံးသပ်လိုက်သည်။

ယင်းသိုု့အမည်ပြောင်းလဲသတ်မှတ်ခြင်းကိုု ဖေဖော်ဝါရီ ၈ ရက်နေ့က ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုုးရအဖွဲ့လမ်းညွှန်ချက်ကြောင့် ပြောင်း လဲခဲ့ခြင်းဖြစ်ပြီး ဗိုုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဆိုုင်းပုုဒ်တင်ပွဲကိုု အကျဉ်းခြုံးကျင်းပမည်ဖြစ်ကြောင်း တံ တားဆောက်လုုပ်ရေးတာဝန်ခံ ဦးသိန်းမြင့်မွန်ကပြောပါသည်။

ယင်းသိုု့အမည်ပြောင်းလဲခဲ့ခြင်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်ဒုုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်နိုုင်ဦးက လုုံးဝလက်ခံနိုုင်စရာမရှိ ကြောင်းနှင့် တတ်နိုုင်သမ ျှနည်းလမ်းအားလုုံးအသုုံးပြုကာ ကန့်ကွက်သွားမည်ဖြစ်ကြောင်းဖြစ် ဆိုုသည်။

ထိုု့အတူ ဘီးလူးကျွန်း၊ ချောင်းဆုုံမြို့နယ်၊ ဘိုုးနက်ကျေးရွာ ဇေယျဝံသဆရာတော်ကလည်း ယင်းအမည်ကိုု လက်သင့်မခံနိုုင်ကြောင်း၊ ယင်းအမည်ကိုု ကန့် ကွက်သွားရန်အတွက် တစ်စုုတစ်စည်းတည်း စည်းစည်းလုုံးလုုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းသိုု့ ဆောင်ရွက် နိုုင်ရန်အတွက် တိုုင်ပင်ဆောင်ရွက်ကြရန်နှင့် ခိုုင်ခိုုင်မာမာမဆောင်ရွက်သေးခင် ဆဲဆိုုပြစ်တင်ခြင်းများမပြုလုုပ်ကြရန် မေတ္တာရပ်ခံကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းတံတားကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပန္နက်ရိုက်ခဲ့ပြီး ချောင်းဆုံ သံလွင်တံတားဟု ယခင် အစိုးရလက်ထက်တွင် အမည် ပေးခဲ့ကာ ယခုအစိုးရသစ်လက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယင်းသိုု့ပြောင်းလဲခဲ့ခြင်းနှင့် ပတ် သက်ပြီး မွန်ပြည်နယ်အစိုုးရ၏သဘောထားကိုု မေးမြန်းရန် သံလွင်တိုုင်းမ်မှ ဆက်သွယ်ခဲ့သော်လဲ အဆက်အသွယ်မရသဖြင့် သဘောထား မှတ်ချက်ကိုု မရရှိခဲ့ပါ။

မော်လမြိုင်မြို့ ဘက်ကမ်းမှ မုပွန်ရပ်ကွက်နှင့် ချောင်းဆုံဘက်ကမ်းရှိ ကညှော်ကျေးရွာသို့ ဆက်သွယ်ထားသည့် ယင်းတံတားကို ခန့်မှန်ငွေ တန်ဖိုး ကျပ်သန်းပေါင်း ၅၉၈၀၀ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်ရေးအဖွဲ့ (၄) နှင့် တည်ဆောက်ရေးအဖွဲ့ (၁) တို့က တာဝန်ယူဆောက်လုုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လအကုန်တွင်ဖွင့်လှစ်ရန် လျာထားသည်။

အရှည် ၅၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိ ယင်းတံတားသည် သံမဏိသံပေါင်ခုုံးတံတားဖြစ်ပြီး၊ မော်လမြိုင်ဘက်ကမ်းကပ်လမ်းမှာ ပေ ၇၅၇ ခန့်နှင့် ဘီလူးကျွန်းဖက်ကမ်းချဉ်းကပ်လမ်းမှာ အရှည် ၁၆၉၈၀ ပေခန့်ရှိသည်။

Source: ThanLwin Times

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။