သရုပ်ဆောင်ချစ်သုဝေကိုတော့ ချစ်ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမကတော့ သရုပ်ဆောင်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တဲ့စွယ်စုံရ အနပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ပရိသတ်အသည်းကျော်လေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်ကိုပြုစုပျိုးထောင်နေရင်း အနပညာအလုပ်တွေကို ပြုလုပ်နေသူဖြစ်ပါတယ်။ 

သူမကတော့ CLINIQUE Myanmarကဦးစီးပြီးတော့ "Shanghai" မှာကျင်းပမဲ့ပွဲတစ်ခုအတွက် ဖိတ်ကြားခံရလို့ စိတ်လှုပ်ရှာနေပြီး ပျော်ရွင်နေပါတယ်။ သူမကတော့ " အခုလိုဖိတ်ကြားခံရတဲ့ အတွက် အတိုင်းမသိကြည်နူးဝမ်းသာပါတယ် " လို့ပြောထားပါတယ်။ သူမရဲ့ ပြုံးပျော်နေတဲ့ မျက်နှာလေးတွေက ပန်းလေးတွေနဲ့ အလှပြိုင်နေတာလားလို့တောင် ထင်မှတ်ရပါတယ်။  

သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး သူမတို့မိသားစုလေးကတော့ ပရိသတ်အချစ်တော်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ အမွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကတော့ ပရိသတ်တွေသည်းသည်းလှုပ်ချစ်ခင်ရတဲ့ ပရိသတ်အသည်းကျော်လေးတွေပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ခေတ်နဲ့သစ်တို့ရဲ့ ခေးမေမေ ချစ်သုဝေရဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: ခ်စ္သုေ၀ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။