အာရှအားကစားဘောလုံးပြိုင်ပွဲအုပ်စု(F)ရဲ့ပွဲစဉ်တွေကိုတော့နက်ဖြန်အင်ဒိုနီးရှားနိုင်ငံမှာ

ကျင်းပတော့မှာဖြစ်ပါတယ်။အုပ်စု(F)မှာပါဝင်တဲ့မြန်မာအသင်းကတော့နက်ဖြန်ည၆:၃၀မှာ

မြောက်ကိုရီးယားအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အုပ်စုကျပ်အတွင်းမှာကျရောက်နေတဲ့မြန်မာအသင်းကတော့ အုပ်စုကလွတ်မြောက်ဖို့အသင်းကြီးတွေကိုအကောင်းဆုံးခက်ခဲစွာရင်ဆိုင်ရမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားအသင်းကတော့၂၀၁၄အာရှအားကစားဘောလုံးပြိုင်ပွဲမှာ

တောင်ကိုရီးယားအသင်းကိုရှုံးနိမ့်ကာဒုတိယရထားတာပါ။မြန်မာအသင်းဟာလည်းနည်းပြသစ်

အန်တွမ်နီဟေးလက်ထက်မှာတစ်ပွဲထက်တစ်ပွဲအကောင်းဆုံးခြေစွမ်းတွေရထားတာပါ။ဖိတ်ခေါ်ဖလား ပြိုင်ပွဲတုန်းကလည်းအာရှအင်အားကြီးဘာရိန်းကိုခြေအသာသရေကစားပီးနာမည်ကြီးထိုင်းအသင်းကိုအနိုင်ရထားတာကြောင့်စိတ်ဓာတ် ပိုင်းကအမြင့်ဆုံးမှာရောက်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာမနက်ဖြန်ပွဲအတွက်လေ့ကျင့်ခန်းအစီစဉ်တွေကိုအပြင်းထန်ညဘက်ထိလုပ်နေတာလည်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံးကပရိတ်သတ်တွေစောင့်မျှော်နေတဲ့အာရှအားကစားဘောလုံးပြိုင်ပွဲကြီးအတွက်ရလဒ်ကောင်းရဖို့အတွက်

ကြိုးစားနေတဲ့မြန်မာအသင်းရဲ့လေ့ကျင့်ခန်းဆင်းနေပုံကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ကပါတယ်။

နက်ဖြန်ည၆:၃၀မှာကစားမယ့်မြန်မာအသင်းရဲ့ပွဲကိုလည်းအားပေးဖို့ဖိတ်ခေါ်လိုက်ကပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။