လက်ရှိပြည်တွင်းရေဘေးဒဏ်ခံစားခဲ့ရတဲ့ ဒေသများစွာမှာ အစားအသောက်အဝတ်အထည်များနှင့်အတူ ဆေးဝါးလိုအပ်ချက်တွေများစွာရှိနေတာကို အားလုံးသိမယ်ထင်ပါတယ်။ လက်ရှိ ပြည်တွင်းအလှူရှင်များသာမက ပြည်ပနိုင်ငံများက အလှူရှင်တွေပါ လာရောက်ကူညီဆောင်ရွက်ပေးလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ အလှူရှင်တွေထဲမှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ဆေးဝါးအလှူရှင်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမတ် ဖိုးလပြည့်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာဦးနေစိုးမောင်လည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

ဒေါက်တာဦးနေစိုးမောင်ကတော့ ရေဘေးသင့်ဒေသတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ကားပေါ်တင် ကိုယ်တိုင်ကားမောင်းကာ ကားဝင်လို့ မောင်းလို့ရတဲ့နေရာအထိ ကားမောင်းသွားပြီး ရန်ကုန်မြို့စွန်ချောင်ကြိုချောင်ကြားက မရှိနွမ်းပါး ဆင်းရဲသားများကိုတယောက်ထဲ အခမဲ့ စေတနာနဲ့ဆေးကုသမှု့ပေးနေသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ သူဆေးကုသမှုပေးနေသူတွေဟာ မရှိနွမ်းပါသူဆင်းရဲသားအများစုဖြစ်တာကြောင့် ဆေးရုံဆေးခန်းကို သွါးရောက်ပြသဖို့ လမ်းစရိတ်တောင် ရှိသူတွေမဟုတ်ပါဘူး သူထံမှာကုသမှု့ပေးပြီး လိုအပ်လို့ ဆေးရုံသွားမှဖြစ်မဲ့လူနာများကိုလည်း ကိုယ်တိုင်သက်ဆိုင်ရာ ဆေးရုံ (ကလေးဆေးရုံ/အမျိုးသမီးဆေးရုံ/ရန်ကုန်ဆေးရုံကြီး) စသည်ဖြင့် လိုက်လံပို့ဆောင်လွှဲပြောင်းကုသစေခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ 

ဒေါက်တာဦးနေစိုးမောင်ကတော့ သာမန်ဆရာဝန်တယောက်မဟုတ်တဲ့ အထူးကု ပါရဂူတယောက်ဖြစ်ပါတယ်။ ထို့အပြင်သူဟာ တချိန်က တပ်မတော်မှာ ဗိုလ်မှုးကြီးအဆင့်ထိ တာဝန်ထမ်းခဲ့ဘူးတဲ့ စစ်မှု့ထမ်းတယောက်ဖြစ်ခဲ့ဘူးပါတယ်။ နိုင်ငံတာဝန်များစွာကို ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိပြည်သူအချို့ရဲ့ ဒုက္ခတွေကို ကိုယ်တိုင်သွားရောက်ကူညီဆောင်ရွက်ပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လေးစားစရာ ဖခင်ဖြစ်သူအတွက်သားဖြစ်သူ ဖိုးလပြည့်(နေရွှေသွေးအောင်)ကလည်း ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။မွန်မြတ်တဲ့လုက်ရက်ကို လုပ်ဆောင်ခဲ့တဲ့ ဒေါက်တာဦးနေစိုးမောင်ရဲ့ ကုသိုလ်ကိုတော့ ပရိသတ်တွေလည်း လေးစားအားကျမိမယ်ထင်ပါတယ်။

Photos - Aung Htet Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။