လက်ရှိ ပြည်တွင်း ရေဘေးအန္တရယ်ကိုတော့ ပြည်တွင်းတိုင်းဒေသကြီးများစွာတွင် ခံစားနေရလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ရေဘေးခံစားနေရသူတွေထဲမှာ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များစွာလည်းပါဝင်နေတာတွေ့ရပါတယ်။ ရေဘေးဒုက္ခခံစားနေရပြီး နေအိမ်စွန့်ခွါသူတွေနဲ့အတူ ကျောင်းတွေကိုလည်းခနတာပိတ်ထားရခြင်းတွေကိုလည်း ပြုလုပ်ထားရကြောင်း သိရပါတယ်။  

မနေ့က ရန်ကုန်တိုင်းဒေသကြီးရှိဒေသအချို့တွင် မြစ်ရေကြီးမှုကြောင့် ပြည်သူအချို့ရေဘေးဒုက္ခတွေ့ကြုံခဲ့ရကြောင်း သိရပါတယ်။ 

အဆိုပါမြို့တွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရပါတယ်။  

မနေ့က အဆက်မပျက်မိုးရွာမှုနှင့်အတူ ရန်ကုန်မြစ် ထူးကဲဒီရေ တက်သည့်အတွက် ရန်ကုန်တိုင်း ဒလမြို့နယ် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိရေကြီးမှုကြောင့် ပြည်သူအချို့ သွားလာရေး ခတ်ခဲနေပြီး တချို့သောနေအိမ်များတွင် ရေဝင်ရောက်မှုတွေဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ရေကြီးမှုခံစားနေရတဲ့ ဒေသတွေအတွက် လုံခြုံမှုရှိစေရန် ကယ်ဆယ်ရေးစခန်းတွေကြိုတင်ပြင်ဆင်ထားလျှက်ရှိကြောင်း သိရပါတယ်။

Photos - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။