မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို သြဂုတ်လ ၁၉ရက်နေ့ နေ့လည်၂နာရီအချိန်ကစပြီး သိမ်ဖြူလက်ဝှေ့ရုံအတွင်းမှာ တွဲဆိုင်း၇ဆိုင်းနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒေဝကတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ ဖြစ်ပါတယ်။ ကမ္ဘာ့မှာမြန်မာအလံကိုလွင့်တင်ပြီး မြန်မာဂုဏ်ဆောင်နိုင်ဖို့ သွေးတွေချွေးတွေနဲ့ပေးဆပ်နေရှာတဲ့ ဒေဝရဲ့ ကြောက်လန့်စရာလေ့ကျင့်ခန်းပြုလုပ်နေတဲ့ ဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

ဒေဝကတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ထိုင်းလက်ဝှေ့ချန်ပီယံဟောင်း Diesellek နဲ့ ထိုးသတ်တော့မှဖြစ်ပြီး အဆိုပါပွဲအတွက် ဒေဝကတော့ ယခင်လတွေထဲက အပြင်းအထန်လေ့ကျင့်နေပါတယ်။ ဒေဝကတော့Diesellek နဲ့ ထိုးသတ်မဲ့ပွဲအတွက် ယနေ့ညနေ၅နာရီမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲမှာ ဖျံသွေး(မြန်မာ) နဲ့ စောဂေါ်မူဒို(မြန်မာ) ရဲသွေးနီ(မြန်မာ)နဲ့ဟာမာမိုတိုယူတာကက်(ဂျပန်)၊ ဒေ့ဗ်လက်ဇု(မြန်မာ)နဲ့ဒီစဲလက်(ထိုင်း) ထွန်းထွန်းမင်း(မြန်မာ)နဲ့ ဒါရီလိုကုကု(ကွန်ဂို) ဘရောနီကာ(မြန်မာ) နဲ့အယ်လီနာမစ်ချပ်(ဘီလာရုစ်)တို့က ထိုးသတ်ကြတော့မှာပဲ ဖြစ်ပါတယ်။ မန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ အနိုင်ရလဒ်တွေကိုသာ ရယူထားနိုင်ကြပါတယ်။

source: ေဒ၀ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။