အိန္ဒိယနိုင်ငံမြောက်ပိုင်းဂင်္ဂါမြစ်ဘေးတွင်နေထိုင်သောလူသေသားစားပီး လူသေသားများပေါ်တွင် အိပ်သည့်အာဂေါ်ရီလူသားစားသူများသည်ဂင်္ဂါမြစ်ရေကိုလူ၏ဦးခေါင်းခွံများဖြင့်သောက်သုံးကာ ၎င်းတို့၏ခန္ဒာကိုယ်ပေါ်တွင်လညး် အရိုးပြာများကို သုတ်လိမ်းထားကြသည်။

၎င်းတို့မှာလူသေသားများကိုသာစားသုံးခြင်းဖြစ်ပီးဒေသခံများက၄င်းတို့ကိုကြောက်ရွံ့ကြပီးအသက် ၃၇ အရွယ် ဒါရာဂျ်မာဆန်အမည်ရှိအိုင်းရစ်ဓာတ်ပုံဆရာမှာ တပစရိယအကျင့် ကျင့်ကြံနေသည် ဆိုသော၎င်းတို့နှင့်ခဏတာ သွားရောက်နေထိုင်ကာ ၄င်းတို့၏အမူအကျင့်များကို သွားရောက်လေ့လာခဲ့သည်။

ဒရာဂျ် က သူတို့တွေက ဂင်္ဂါမြစ်ထဲက အလောင်းတွေကိုယူပီးစားသောက်ကြတာကြောင့် နာမည်ကြီးကြတာပါဟု ပြောပြခဲ့သည်။

၎င်းတို့သည်လူသေများအားမီးသင်္ဂြလ်သည့်နေရာများမှအရိုးခေါငး်များနှင့်လူရိုးများကိုယူဆောင်ကာ ၎င်းတို့၏ကျင့်စဉ်များအတွက်အသုံးပြုကြပီးလူသေများဆီမှ စွမး်အားများရရှိနိုင်သည်ဟုလညး် ယုံကြည်ကြသည်။

တစ်ခါကျွန်တော့်ကိုအရိုးခေါင်းနှင့်ဂင်္ဂါမြစ်ထဲက ရေကိုခပ်တိုက်သေးသည်။ ဒါပေမယ့်သိပ်မဝေးတဲ့မြစ်ရဲ့ အပေါ်ပိုင်းခြောက်ပေအကွာလောက်မှာလူသေအလောင်းတွေကို မီးရှို့ သင်္ဂြုလ်နေတာကြောင့် ကျွန်တော်မသောက်ရဲပါဘူး..။

ရေထဲမှာရောဂါပိုးတွေပါလာနိုင်လို့လည်း ဒရာဂျ်က ပြောပြခဲ့ပါတယ်.၄င်းလူသေသားစားသူများသည် အဝတ်အစားများကိုကောင်းမွန်စွာဝတ်စားဆင်ယင်ခြင်းမရှိပဲအမြဲတစေဆံပင်များရှုပ်ပွနေကာ ဘိုသီဖတ်သီနေတတ်သော်လည်းအလှူအတန်းမှာ အင်မတန်ရက်ရောသူများဖြစ်သည်ဟု သိ၇သည်။

၄င်းတို့သည်အနာကြီးရောဂါသည်များအားကုသပေးရေးဖောင်ဒေရှငး်တစ်ခုတည်ထောင်ထားကာ လူနာပေါင်း ၁၄၇၅၀၃ဦးကို အခမဲ့ဆေးကုသပေးခဲ့ပီဖြစ်ကြောင်းသိရသည်။

Via; New Myanmar Pyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။