သရုပ်ဆောင်ရွှေကစ်ကိုတော့ ချစ်ပရိသတ်ကြီး ချစ်မှာပါ။ ရွှေကစ်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်ကောင်းချက်တွေကြောင့် အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ စွယ်စုံရအနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေကစ်ရဲ့မွေးနေ့လေးကတော့ မကြာခင်ကမှ ပျော်စရာတွေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

သူမကတော့ " မွေးနေ့ပြီးတဲ့အထိ လက်ဆောင်တွေလက်ခံရရှိနေတော့ ကစ်တယောက်တော့ ပျော်သည်ပေါ့နော် ။လက်ဆောင် ရလို့ ပျော်တာမျိုးမဟုတ်ဘဲ ကိုယ့်မွေးနေ့လေးအတွက် သတိတရအမှတ်တရ ပေးပို့ ခံရလို့ ပီတိဖြစ် ပျော်ရွှင်ရတာပါလို့ Thank u for loving me " လို့ပြောထားပါတယ်။ ရွှေကစ်ကတော့ မွေးနေ့ပြီးတာတောင် လက်ဆောင်တွေဆက်တိုက်ရနေလို့ အပျော်ကြီး ပျော်နေပါတယ်။ 

သူမရဲ့မွေးနေ့လေးကတော့ ပျော်စရာတွေနဲ့ပြည့်နှက်နေပြီး ယနေ့အချိန်ထိ ရွှေကစ်ကို အပြုံးပန်းတွေပွင့်လန်းစေပါတယ်။ ရွှေကစ်ကတော့ မွေးနေ့မှာတုန်းက အောင်ဇမ္ဇူတာရ ဘုန်းတော်ကြီူကျောင်းမှာအလှူတွေပြုလုပ်ခဲ့ပါသေးတယ်။ ချစ်ပရိသတ်ကြီးအတွက် ရွှေကစ်ရဲ့ ချစ်စရာကောင်းတဲက အလှပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

source; SHWEMONYATA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။