မြန်မာအသင်းကတော့ပဏာမ(၂၁)ယောက်ကိုအင်ဒိုနီးရှားနိုင်ငံသို့ခေါ်ဆောင်သွားခဲ့ပီးပွဲကစားဖို့

၁ရက်အလိုမှပဲအပြီးသတ်အယောက်(၂၀)စာရင်းကိုနည်ပြချုပ်အန်တွမ်နီဟေးလ်ထုတ်ပြန်ခဲ့ပါတယ်.

ထိုင်းနိုင်ငံPoliceTeroအသင်းနဲ့အပြီးမှအပြီးသတ်လူစာရင်းထုတ်ပြန်မယ်လို့ ကြေငြာထားသော်လည်းယခုပွဲမကစားခင်၁ရက်အလိုမှထုတ်ပြန်နိုင်တာဖြစ်ပါတယ်။

PoliceTeroပွဲအပီးအီစိုးနဲ့တေဇော်လင်းတို့ကိုချန်လှပ်ထားခဲ့ပီးယခုအခါနောက်ဆုံးအဖြစ်

ဂိုးသမားဘုန်းသစွာမင်းကိုချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။အာရှအားကစားဘောလုံးပြိုင်ပွဲမှာ

ယူ၂၃အထက်ကစားကမား၄ဦးပါဝင်ခွင့်ရှိပါတယ်။ဒီပြိုင်ပွဲမှာမြန်မာယူ၂၃အသင်းကလူငယ်တွေ စီနီယာတွေနဲ့ပေါင်းစပ်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။

နှစ်ပေါင်း၂၄နှစ်ကြာမှပြန်လည်ယှဉ်ပြိုင်မယ့်ချန်ပီယံဟောင်းမြန်မာအသင်းကတော့ဒီပွဲအတွက်

အကောင်းဆုံးရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေအများဆုံးလုပ်ထားတာပါ။ဒီပြိုင်ပွဲကိုတော့ပြသခွင့်အခက်ခဲတွေကြောင့်

ရုပ်သံလိုင်းတွေကမပြသဘူးလို့ပြောထားပါတယ်။နက်ဖြန်ယှဉ်ပြိုင်မယ့်မြောက်ကိုရီးယားနဲ့ပွဲကိုအားပေးဖို့ဖိတ်ခေါ်ပီး

အပြီးသတ်လူစာရင်းလေးကိုလည်းကြေငြာပေးလိုက်ရပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။