တရားလိုဖြစ်သူ စူးရှထက်ဘက်မှ လက်ရှိအချိန်မှာ စစ်ဆေးနေသော တာမွေမြို့နယ်တရားရုံးမှာ လုံခြုံမှုမရှိတဲ့အတွက် ရုံးပြောင်းရန် ဇူလိုင်လ ၉ ရက်နေ့က အရှေ့ပိုင်းခရိုင်ရုံးမှာ လျှောက်ထားခဲ့ပေမယ့် အဆိုပါရုံးပြောင်းလျှောက်ထားမှု အတွက် သြဂုတ်လ ၉ ရက်နေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးမှ မူလစစ်ဆေးနေဆဲ တာမွေမြို့နယ်တရားရုံးမှာသာ ဆက်လက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။ရုံးချိန်း ၁၂ ချိန်းရှိနေပြီဖြစ်တဲ့ အဆိုတော်အစ္စဏီအား မုဒိမ်းမှုအပါအဝင် ဥပဒေပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားခြင်းမှာ ရုံးအပြောင်းအရွှေ့ကိစ္စများ ၊ Cele 7 မှ ဗီဒီယိုဖိုင်ကို သက်သေအဖြစ်သွင်းထားခြင်းကို ပယ်ဖျက်ပေးရန် ကိစ္စရပ်များကြောင့် တိုင်းဒေသကြီးတရားလွှတ်တော်ကို အမှုတွဲယူဆောင်သွားသဖြင့် ဆက်လက်မစစ်ဆေးနိုင်သေးဘဲ ကြန့်ကြာနေတယ်လို့ အဆိုတော်အစ္စဏီရဲ့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။

“ရုံးချိန်းအခြေအနေကတော့ ရုံးချိန်း၂ ပတ်ပဲပြန်ချိန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းဒေသကြီးလွှတ်တော်မှာ မူလအမှုတွဲယူဆောင်လာတဲ့အတွက်ပါ။ Cele 7 ရုပ်သံ သက်သေခံသွင်းထားတာကို ပယ်ဖျက်ပေးဖို့အတွက် ခရိုင်ကိုတက်တယ်။ လက်မခံတော့ တိုင်းကိုထပ်တက်တယ်။ မူလအမှုတွဲကို တိုင်းဒေသကြီးလွှတ်တော်ကို ယူဆောင်သွားတဲ့အတွက် အမှုဆက်လက်ပြီး မဆောင်ရွက်နိုင်ပါဘူး” လို့ တရားလွှတ်တော်ရှေ့နေဦးကျော်ဇင်ဦးက ပြောပါတယ်။လက်ရှိအချိန်ထိ တရားလိုဖြစ်သူ စူးရှထက်နှင့် မှုခင်းဆရာဝန်တို့ကိုသာ စစ်ဆေးရသေးတာဖြစ်ပြီး တရားလို ပြသက်သေ ၁၁ ဦးကို စစ်ဆေးရန်ကျန်ရှိနေသေးတယ်လို့သိရပါတယ်။

ထပ်မံပြီးတော့လည်း မော်ဒယ်စူးရှထက်အနေနဲ့ အဆိုတော်အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦး ၊ အစ်ကိုဖြစ်သူ ကိုကျော်စွာနှင့် အဆိုတော် ယုန်လေးတို့ကိုလည်း တရားစွဲဆိုထားတယ်လို့ သိရပါတယ်။စွပ်စွဲခံရသူ အဆိုတော်အစ္စဏီအနေနဲ့ လက်တလောမှာ ကျန်းမာရေးအခြေအနေဆိုးရွားနေပြီး အချုပ်ထဲမှာ မလုံလောက်တဲ့ဆေးဝါးနှင့် အဆင်ပြေအောင်ကုသနေရတဲ့ အနေအထားရှိတယ်လို့လည်း သူ့ရဲ့ရှေ့နေဖြစ်သူထံမှ သိရပါတယ်။ပရိသတ်ကြီးလည်း မှတ်ချက်မှာ ပြောချင်တဲ့စကားလေးတွေရှိရင် မှတ်ချက်မှာပြောပြပေးခဲ့ကြပါနော်။

Exclusive on Myanmarload 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။