ပရိသတ်တွေ တချိန်က အားကျခဲ့ရတဲ့ စုံတွဲလေးဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ ပန်ကိတ် တို့ဟာ ရွှေထူး အဆိုတော်ရယ်လို့ အောင်မြင်လူသိမများခင်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး ရွှေထူးကို အစစအရာရာ အားပေးပြီး ဘေးမှာ အမြဲတမ်းအားပေးခဲ့တဲ့ ချစ်သူကောင်းဖြစ်ပါတယ်။ ပန်ကိတ်က သြစတျေးလျ မှာ နေထိုင်ပြီး ကျောင်းနေတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ပြီး ရွှေထူးရဲ့ ပရိသတ်တွေကပါ သူမကို ချစ်ခင်ကြတာဖြစ်ပါတယ်။

ဒီ 2018 ခုနှစ် ၊ဇွန်လ မှာရွှေထူးနဲ့ ပန်ကိတ်တို့ တရားဝင် လမ်းခွဲ ပြတ်စဲ လိုက်ပြီး လို့ သတင်းများ ထွက်ပေါ်လာခဲ့သလို ဒီသတင်းကြောင့် ရွှေထူးရဲ့ ပရိသတ်တွေဟာ အရမ်းကို စိတ်မကောင်းဖြစ် ဝမ်းနည်းခဲ့ရပါတယ်။ အလှမယ်၊ သရုပ်ဆောင် မိုးဝက်ဝိုင်နဲ့ ကောလဟာလ တချို့ ထွက်ရှိခဲ့သလို ဒီကောလဟာလ သတင်းတွေကို မိုးစက်ဝိုင်ဘက် ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

ဇွန်လမှာတော့ ရွှေထူးဟာ သရုပ်ဆောင် မင်းသမီး ရွှေမှုန်ရတီ၊ နေခြည်ဦး နဲ့ ဖြိုးငွေစိုးတို့ နဲ့ အတူပါဝင်လို့ " နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည် လုပ်ခဲ့တဲ့ ဧည့်သည် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပြီး လက်ရှိ သြဂုတ်လ မှာတော့ မင်းသမီး ရွှေမှုန်ရတီ နဲ့ တွဲနေတယ် ဆိုတာ တိကျတဲ့ ပုံတွေရဲ့ သဲလွန်စတွေနဲ့ သတင်းထွက်ရှိလာတာဖြစ်ပါတယ်။

ပန်ကိတ် နဲ့ (၆) နှစ်တာ အချစ်ရေးကို ပြတ်စဲလိုက်ပြီး ပန်ကိတ်နဲ့ အချစ်သက်သေအဖြစ် ရေးထိုးခဲ့တဲ့ ရွှေထူးလက်ဖျံပေါ်က "ပန်ကိတ် " ပုံ တက်တူးလ်လေးပေါ်မှာ အခြားတက်တူးလ်တွေ အစားထိုးလိုက်ပြီ ဖြစ်သလို တက်တူးလ်တွေကို ရူးသွပ်တဲ့ ရွှေထူးအနေနဲ့ လည်း သူရဲ့ ကိုယ်ပေါ်မှာ အကြောင်းအရာတစ်ခု ၊ စိတ်ခံစားချက် တစ်ခုပေါ်လာတိုင်း ကိုယ်ပေါ် ရေးဆွဲတတ်သူလည်းဖြစ်ပါတယ်။

ဒီသြဂုတ်လ(၁၁) ၇က်နေ့မှာတော့ ရွှေထူးရဲ့ ခါးဘေးက ချိုချဉ် ပုံတက်တူးလေးရဲ့ ဘေး အစားထိုး နေရာတစ်ခုယူလာတဲ့ အနီ နဲ့ အနက် အရောင်စပ် တက်တူးလ်လေးကတော့ ပရိသတ်တွေ စိတ်ဝင်စားနေမယ်ထင်ပါတယ်။ ရွှေမှုန်ရတီရဲ့ နာမည်ပြောင် ဟာ " သဲ " ဖြစ်သလို ဒီတက်တူးလ်လေးဟာ သဲ ခေါ် ရွှေမှုန်ရတီ ကို ရည်ညွန်းလို့ ထိုးခဲ့တဲ့ တက်တူးလ်လေး တစ်ခု ဖြစ်မလားဆိုတာ.....ပရိသတ်များ တွေးကြည့်ကြပါနော်....။

SOURCE: htoo khant instragram & pan cake; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။