ပရိသတ်ကြီးရေ ကိုလူချောလေးတွေဖြစ်တဲ့ အောင်လေးနဲ့ ဟိန်းမင်းသူတို့၂ဦးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ဖမ်းစားနိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်အပြင် ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ကိုယ်စီပိုင်ဆိုင်ထားတဲ့ သူတို့၂ဦးဟာ ပျိုမေတွေရဲ့ စိတ်ဝင်စားအားပေးခြင်း ရရှိထားတဲ့သူတွေထဲမှာ ထိပ်ဆုံးနေရာက စာရင်းဝင်ကြသူတွေ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ အသီးသီး ဆွတ်ခူးရရှိထားတဲ့ သူတို့၂ဦးကို အမိုက်စားပုံစံတွေနဲ့ အတူတူ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အောင်လေးက photo shooting နဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးနေရသလို အဆိုတော် ဟိန်းမင်းသူကတော့ ရှိုးပွဲတွေမှာ ပါဝင်ဖျော်ဖြေနေတာ ဖြစ်ပါတယ်။ အခုလည်း "Dynesty gold / jewelleary" အတွက် ကြော်ငြာလေးကို သူတို့၂ဦးအတူ ရိုက်ကူးနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အနောက်တိုင်းဝတ်စုံနဲ့ အထာကျနေကြတဲ့ သူတို့၂ယောက်ပုံစံက အကြည့်တွေနဲ့တင် ရူးသွားစေလောက်အောင် မိုက်နေတာပဲ ဖြစ်ပါတယ်။

အနက်ရောင်ဖက်ရှင်နဲ့ ဆွဲဆောင်မှုရှိရှိ အမိုက်စားပို့စ်တွေ ပေးနေတဲ့ သူတို့၂ဦးရဲ့ ရိုက်ကွင်းပုံရိပ်တွေကိုတော့ အောင်လေးက "Today Dynesty gold / jewelleary TVCcommecial shoot coming soon"ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ဝေမျှထားတာ ဖြစ်ပါတယ်။ သူတို့၂ယောက်အတွက် မိတ်ကပ်နဲ့ ဆံပင်ကိုတော့ Ah naw Lamu က အလန်းဆုံးဖြစ်အောင် ပြင်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ပျိုမေတွေကို အကြည့်တွေနဲ့တင် ဆွဲဆောင်မှုရှိနေတဲ့ အောင်လေးနဲ့ ဟိန်းမင်းသူတို့ရဲ့ ရိုက်ကွင်းပုံလေးတွေကို ရှုစားဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Aung Lay ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။