အဆိုတော်အစ္စဏီကို တရားစွဲဆိုထားတဲ့ မော်ဒယ်စူးရှထက်တစ်ယောက် အဆိုတော် ယုန်လေးကိုလည်း ထပ်မံတရားစွဲတယ်ဆိုတဲ့ ကောလဟာလ တွေ ထွက်ပေါ်လို့နေပါတယ်။ ဒီဖြစ်ရပ်မှာ အတည်လား ကောလဟာလလားဆိုတာကိုတော့ ယုန်လေး တစ်ယောက် လူမှုကွန်ယက် စာမျက်နှာပေူမှာ ဖော်ပြပြီးနာရီပိုင်းအတွင်းမှာ စူးရှထက် က အတည်ပြုလိုက်ပါပြီ

တရားစွဲလိုက်ရခြင်း နဲ့ ပတ်သက်ပြီး စူးရှထက်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ အခုလို ရေးသားထားပါတယ် ။ လောကမှာ မနေ့ကပဲ ဖြစ်ဖြစ် တလလောက်ကပဲဖြစ်ဖြစ်၊မိမိကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်စေ။ မိမိ ပါးစပ်သောင်းကျန်း မှုဖြစ်စေ။ ကိုယ်ပြုခဲ့တဲ့ အရာ ကိုယ်တာဝန်ယူရမှာထုံးစံပါ။ကိုယ်ကျုးစဉ်ကတော့ အရသာရှိရှိ ကျင့်ဝတ်မစောင့် စည်းနိုင်ရင် ကိုယ့်ဆွေမျိုး မောင်နှမတွေကို သွားလုပ်ပါ။"လို့ ရေးသားထားတာ ကိုတွေ့ရပါတယ်။

စူးရှထက်က "ကျွန်မ ဘဝ ကျွန်မပိုင်ပါရစေ။ ကျွန်မ ခန္ဓာနဲ့ ဘဝ ကျွန်မ ကာကွယ်ပိုင်ခွင့်က ကျွန်မအခွင့်အရေးပါ။ခြိမ်းခြောက်တိုင်း ငြိမ်ခံ တဲ့ခေတ် ကုန်နေပြီလို့ယူဆပါရစေ။လူ့ကျင့်ဝတ်ဖောက်ဖျက်တဲ့ အပြုအမူကို မှန်ကန်တယ် လက်ခံနိုင်တဲ့ အထဲကျွန်မ မပါဘူးရှင်။" လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ တရားစွဲ ဆိုထားတယ်ဆိုတဲ့ သတင်းကို အတည်ပြုပြောဆိုလိုက်ပေမယ့် ဘယ်ပုဒ်မ နဲ့ စွဲဆိုထားတယ်ဆိုတာကို တော့ ပြောပြထားခြင်း မရှိသေးပါဘူး ။ပရိသတ်ကြီးရေ ဒီကိစ္စ နဲ့ ပတ်သက်ပြီး အမြင်တွေ သဘောထားတွေ ကို မှတ်ချက်မှာပြောပြပေးသွားကြပါဦးနော်။

Source - Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။