နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်တစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းလောက် က နီနီခင်ဇော်ရဲ့ Stand by me ဆိုတဲ့ MTV ရိုက်ကွင်းပေါ်က သူမရဲ့ ချစ်စဖွယ်စုံတွဲပုံရိပ် လေးတွေကို တင်လိုက်ပဲဖြစ်ပါတယ်။ ဒီပုံရိပ်နဲ့ပက်သက်ပြီးတော့ ပရိသတ်တွေက သူမရဲ့ချစ် သူလို့ ထင်မြင်ပြီး ဝိုင်းဝန်းဂုဏ်ပြုခဲ့ပါသေးတယ်။

အောင်မြင်တဲ့မိတ်ကပ်ဖန်တီးသူအဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းသူတစ်ဦး လည်းဖြစ်ပါတယ်။ သူမဟာ ခွဲစိတ်ကုသမှုခံယူထားပြီး အမျိုးသမီးဘဝကို အမြတ်တနိုးခံယူ ထားသူလည်းဖြစ်ပါ တယ်။ အသံခွဲစိတ်မှုအထိပါ ပြုလုပ်ထားပြီး သူမရဲ့အစစအရာရာဟာ အမျိုးသမီး တစ်ယောက်နဲ့ ချွတ်စွတ်တူလွန်းနေပါတယ်။

ဒီဂယက်နဲ့ပက်သက်ပြီးတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာကို မထက်တစ်ယောက် " ပြောမယ်နော် နီနီ့ သီချင်းMTVမှာ အမနဲ့အတွဲအဖြစ် သရုပ်ဆောင်ထားတာ အမရဲ့ ရည်းစားကောင်လေးမဟုတ်ပါဘူး အဲ့နေ့ရိုက်ကွင်းရောက်မှမြင်ဘူးတာပါ နံမည်တောင် အိမ်ပြန်တဲ့လမ်းရောက်မှ မေးကြည့်ရတယ် ခဏဘဲရိုက်ရတော့ အချိန်မကြာတော့သေချာ မိတ်မဆက်လိုက်ရပါဘူး ယူတို့ထင်သလို့ မ ရည်းစားမဟုတ်သလို မ ရည်းစားကလည်း အမ ကိုလူကြားထဲ တွဲခေါ်ထွက်ရဲဖို့လည်း မဖြစ်နိုင်ပါဘူးကွယ် စိတ်ဝင်တစားကြည့်ပေးချစ်ပေး ခင်ပေးကြလို့ အရမ်းလည်း ကျေးဇူးတင်ပါတယ် တကယ်တော့ အမဘဝကလေသူများတွေ ထင်သလောက် ပျော်စရာမကောင်းပါဘူး " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ဘယ်အချိန် အချစ်နဲ့တွေ့ပြီး ပျော်ရွှင်ရမလဲဆိုတာတော့ စောင့်မျှော်ရမှာပေါ့နော်။

Photo - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။