လက်ရှိပြည်တွင်း ယာဉ်တိမ်းမှောက်မှုများစွာဖြစ်ပွားလျှက်ရှိတာကိုတော့ အားလုံးလည်း အသိပဲဖြစ်မယ်ထင်ပါတယ်။

အဆိုပါ တိမ်းမှောက်မှုတွေထဲက အများဆုံးနေရာတစ်ခုအဖြစ် သက်မှတ်ခြင်းခံထားရတဲ့ အမြန်လမ်းခရီးကိုတော့ ယာဉ်မောင်ညီအကိုတွေအားလုံးသိမယ်ထင်ပါတယ်။  

လက်တလော ယာဉ်မတော်တဆမှုအဖြစ်နည်းပါးမှုတော့ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ပြန်လည်ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁နာရီဝန်းကျင်လောက်က ရန်ကုန်မန္တလေးအမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ဒီကနေ့ သြဂုတ်လ ၁၄ရက်နေ့ နံနက် ၁၁နာရီခန့်တွင် အမြန်လမ်း မိုင်တိုင် ၁၀/၃ မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ကားမီးလောင်တိမ်းမှောက်ရာနေရာသို့ မီးသတ်ကားနှင့်အတူ တာဝန်ရှိသူများလာရောက်ငြိမ်းသတ်ခဲ့ပြီး ဒေသခံပြည်သူတွေလည်းလာရောက်ကူညီမှုတွေပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့အဆိုလမ်းခရီးကို သတိထားမောင်းနှင်ကြဖို့ ယာဉ်မောင်းညီအကိုများကို သတိပေးရင်း ဒီကနေ့ ဖြစ်စဉ်ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Vedio - Soe Moe July

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။