အမျိုးသမီးကျန်းမာရေးအနေနဲ့ အမျိုးသမီးအဂါၤဟာလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သားအိမ်ပါရှိတာကြောင့် ကလေးမွေးဖွားတဲ့အလုပ်ကိုလုပ်ရပြီး အဲဒီသားအိမ်ကိုအထူးဂရုစိုက်ဖို့ လိုပါတယ်။ အမျိုးသမီးတွေ နေနဲ့မွေးလမ်းကြောင်း ကျပ်ခြင်းနဲ့ပတ်သက်ပြီး မွေးလမ်းကြောင်းသေးလွန်းရင်ကျပ်တယ် ဆို တာမဟုတ်ပါဘူးတဲ့။မွေးလမ်းကြောင်းနဲ့ လိင်စိတ်ဟာ ဆက်စပ်နေပြီး လိင်စိတ်ဖြစ်နေတဲ့အချိန်မှာတော့ မွေးလမ်းကြောင်းဟာ မကျပ်တဲ့အပြင် (၄) လက်မထိရှည်ပါသတဲ့။မိန်းကလေးတွေရဲ့မွေးလမ်းကြောင်းဟာ အသက်အရွယ်ရလာတာနဲ့အမျှ မွေးလမ်းကြောင်းလည်း ပြောင်းလဲတတ်ပါတယ်။

အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းဟာ သဘာဝအရ ချောဆီတစ်မျိုးကို ထုတ်ပေးပြီး အဲဒီချောဆီကြောင့်လည်း လိင်ကိစ္စဖြစ်စဉ်မှာ နာကျင်ခြင်း၊ တွေမဖြစ်စေနိုင်ပါဘူး။လိင်ကိစ္စဖြစ်ချိန်မွေးလမ်းကြောင်းဟာ အမြဲနာကျင်နေ မယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ကလေးမွေးတော့မယ်ဆိုရင်လည်း မွေးလမ်းကြောင်းဟာ ပိုပြီး ကျယ်ပြန့်လာပါတယ်။ကလေးမွေးပြီးသွားရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။အမျီုးသမီးတွေအနေနဲ့ မွေးလမ်းကြောင်းကျန်းမာဖို့ တင်ပါးဆုံအောက်ခြေ ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ တင်ပါးဆုံး ကြွက်သားသန်မာပါက လိင်ဆက်ဆံခြင်း၊ မီးဖွားခြင်း၊ မီးဖွားပြီး ဆီးအလိုလိုထွက်ကျခြင်း ကိစ္စတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

အမျိုးသမီးများအနေဖြင့် သွေးဆုံးတဲ့အချိန်မှာလည်း မွေးလမ်းကြောင်းဟာချောင်သွားတတ်ပါတယ်။အီစရိုဂျင် ပမာဏနည်းသွားတတ်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ မွေးလမ်းကြောင်းလေ့ကျင့်ခန်းလုပ်တော့ မယ်ဆိုရင် ဆီးအောင့်ထားသလိုမျိုး လုပ်ထားပြီး စက္ကန့်အနည်းငယ်လောက်ကြာရင် ပြန်ထုတ်လိုက်ပါ ။ အဲလို လေ့ကျင့်ခန်းမျိုးကို ထိုင်နေရင်နဲ့ လုပ်လိုရသလို သွားရင်းလာရင်းနဲ့လည်း လုပ်လို့ရတဲ့ လေ့ကျင့်နည်းဖြစ်ပါ တယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ကောင်းကျိုးတွေရလာမှာ အမှန်ပဲဆိုတာ တင်ပြလိုက်ရပါတယ်။  

Source : Health page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။