အခုလက်ရှိမှာတော့ အဆိုတော် ယုန်လေးဘက်က စူးရှထက် သူ့ကိုတရားစွဲပါ တယ်ဆိုပြီး တင်လိုက်တဲ့ ပို့စ်နဲ့ပတ်သတ်ပြီး ပရိသတ်တွေရော အနုပညာရှင်တော် တော် များများကပါ သူ့ကို စိုးရိမ်နေကြပါတယ် ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စူးရှထက်က Live လွှင့်ပြီး ညီမက ကိုယုန်လေးကို ဘယ်တရားရုံးမှာ တရားစွဲထားတာလဲ သိပါရစေဆိုပြီး ဖြေရှင်းခဲ့ပါတယ် ။

စူးရှထက်က အစ္စဏီအမှုနဲ့ရုံးချိန်းတက်တဲ့ အချိန်တုန်းက ညှိလို့ရရင်ရ မရရင် သတ်ပစ်မယ်ဆိုတာ တစ်ယောက်ကြားရုံတင်မဟုတ်ဘဲ တရားရုံးထဲက လူတွေ အကုန်ကြား တယ်လို့ ပြောခဲ့ပါတယ် ။ သူမနေရာမှာ တကယ်လို့ ယုန်လေးရဲ့ညီမ သာဆို ရင်ရော ငြိမ်ခံနေမလားလို့ သူမက မေးခွန်းထုတ်ခဲ့ပါတယ် ။ သူမကို ခြိမ်းခြောက်တာ သူမအနေနဲ့ တိုင်ပိုင် ခွင့် မရှိဘူးလားလို့ Live ကနေတဆင့်ပြောကြားခဲ့ပါသေးတယ် ။ စခန်းက ဖုန်းဆက်တာကို ကိုယုန်လေးမှန်နေရင် ကိုယုန်လေးသွားရှင်းလိုက်လေ ဘာလို့ ဖေ့ဘုတ်ပေါ်မှာ ပို့စ်တင်နေတာလည်းလို့ သူမ က ပြတ်ပြတ်သားသားမေးမြန်းလိုက်ပါတယ် ။

သူမဟာ ဘယ်သူ့ကိုမှလည်းမကြောက်သလို ငြိမ်ခံနေမယ့် လူလည်းမဟုတ်ဘူးလို့ လည်း ပြတ်သားစွာပြောခဲ့ပါသေးတယ် ။ ဒီ Live နဲ့ပတ်သတ်ပြီး ယုန်လေးဘက်ကတော့ ဘာမှ ပြန်လည် ဖြေရှင်းခြင်းမရှိသေးပေမယ့် ပရိသတ်တွေကတော့ စိတ်ဝင်စားနေကြပါတယ် ။

Source : Sue Sha Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။