သြဂုတ် ၁၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသားတဦးရဲ့ ကိုယ်လုံးတီးပုံတွေကို လျှို့ဝှက်ဓာတ်ပုံ ရိုက်ယူခဲ့တဲ့ အမျိုးသမီးကို ထောင်ဒဏ် ၁၀ လ ချမှတ်လိုက်တယ်လို့သိရပါတယ်။သူမဟာ အမျိုးသားတဦးရဲ့ ကိုယ်လုံးတီးပုံတွေကို လျှို့ဝှက်ဓာတ်ပုံ ရိုက်ယူပြီး အင်တာနက်ပေါ် တင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။အဆိုပါ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးဟာ ဆိုးလ်မြို့တော်က အနုပညာ ကောလိပ်တခုမှာ အဲဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ကူးသူ အမျိုးသမီး ကိုယ်တိုင်ကလည်း ဝတ်လစ်စလစ်နဲ့ဓာတ်ပုံ ရိုက်ကူးနေတဲ့ မော်ဒယ်တဦးဖြစ်တယ်လို့လည်းသိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာတော့ အိမ်သာ၊ အဝတ်အစားလဲခန်းနဲ့ ရေကူးကန်လို့ နေရာမျိုးတွေမှာ လျှို့ဝှက်ကင်မရာ တပ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးတာကြောင့် ဖြစ်ပွားတဲ့ အမှုပေါင်းဟာ နှစ်စဉ် ၆၀၀၀ ခန့်ရှိပြီး အဲဒီအမှုတွေထဲ ၈၀ ရာခိုင်နှုန်းလောက်မှာ အမျိုးသမီးတွေက ဓာတ်ပုံအရိုက်ခံရသူတွေ ဖြစ်တယ်လို့သိရပါတယ်။ 

အခုအမျိုးသမီးကိုတော့ ထောက်ဒဏ် ၁၀ လပြစ်ဒဏ်ချမှတ်ခဲ့ပြီး အခုလုပ်ရပ်နဲ့ ပတ်သက်ပြီး သူမကို ပြီးခဲ့တဲ့ မေလကတည်းက ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ အမှုနဲ့ ပတ်သက်ပြီး ရဲနဲ့ တရားရုံးတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေကို မျက်နှာသာပေးတယ်လို့ သိရပါတယ်။ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံတဝန်း ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - DVB  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။