အနုပညာလောကရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ ရွှေမှုန်ရတီရဲ့ အချစ်ရေးသတင်းတွေကတော့ လတ်တလော လူမှုစာမျက်နှာထက်မှာ ပျံ့နှံ့လို့နေပါတယ်။ သူမရဲ့ ပင်ကိုယ် ချေတဲ့စတိုင်လေးကြောင့် ပရိသတ်တွေရဲ့ အထူးအားပေးမှုရရှိထားတဲ့သူမဟာ အချစ်ရေးနဲ့ပတ်သတ်လို့ ပရိသတ်ကို ပွင့်ပွင့်လင်းလင်းပြောပြေလေ့ရှိသူလည်း ဖြစ်ပါတယ်။

ချစ်သူအသစ်ရနေတာကိုတော့ သူမရဲ့ လူမှုစာမျက်နှာကတဆင့် သိရပြီး ပျော်နေတဲ့သူမအတွက်တော့ ပရိသတ်တွေက ဝမ်းသာလို့နေတာ တွေ့ရပါတယ်။ လတ်တလောကောလဟာလတွေအရ နာမည်ကြီး အဆိုတော်တစ်ဦးနဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လို့နေပြီး သူမဖက်ကတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာမှဖြေရှင်းခြင်းထားခြင်း မရှိတာကို တွေ့ရပါတယ်။ 

သူမရဲ့ Instagram နောက်ဆုံး update မှာတော့ Lotte ဟိုတယ်မှာ ညနေစာစားနေတဲ့ ဓာတ်ပုံလေးကို တင်ထားပြီး ပြုံးပျော်ရွှင်နေတဲ့ ရွှေမှုန်လေးကို မြင်တွေ့နိုင်ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ comment မှာ ဘယ်သူနဲ့လည်း ဆိုတဲ့ မေးခွန်းလေးတွေမေးထားကြတာ တွေ့ရပြီး လတ်တလော ထွက်ပေါ်နေတဲ့ အချစ်ရေးသတင်းတွေနဲ့ပတ်သတ်ပြီး ပြောဆိုနေကြတာလည်း တွေ့ရပါတယ် ပရိသတ်ကြီးရေ......

Photo Source : Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။