ကိုထူးအောင်ရဲ့ Fan တွေကတော့ အသည်းတွေယားနေကြလေရဲ့ ။ ထူးအောင် ကတော့ အနုပညာလောကထဲက မျိုးဆက်သစ်မော်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူရဲ့ ပထမဆုံးပါ၀င်သရုပ်ဆောင်တဲ့ ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည်မှာ တပ်ကြပ်ကြီးကျော်ဇအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိတ်သတ်တွေ အခိုင်အမာ ရရှိသွားခဲ့သူလဲဖြစ်ပါတယ် ။ အနုပညာစွမ်းရည်တင်တော်တာမဟုတ်ပါဘူး ။ မော်ဒယ်တစ်ယောက်ပီပီ ကိုယ်ခန္တာကြံခိုင်သန်စွမ်းမှုမှာလည်း လေ့ကျင့်ခန်းတွေကို စနစ်တကျလုပ်ဆောင်ထားခဲ့သူမို့ အားကျရတဲ့ Body ကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ် ။ 

ဒီတစ်ခါမှာတော့ သူက သူ့ရဲ့ ရင်ဖိုစရာ ကြွက်သားအပြည့်နဲ့ Body က ဘယ်လောက်တောင် ကြံခိုင်လဲဆိုတာ မော်ဒယ်ချောချောလေး နှစ်ယောက်ကို ချီပြီး စွမ်းရည်ပြခဲ့ပါတယ် ။ မော်ဒယ် M SengLu နဲ့ ၊May GraceParry တို့ကို တပြိုင်ထဲမပြီး ထိုင်ထလုပ်နေတဲ့ ဒီ Video File လေးက အချိန်ခဏအတွင်းမှာပဲ ကြည့်ရှုသူထောင်နဲ့ ချီလာခဲ့ပြီး လူကြိုက်များတဲ့ Video File လေးဖြစ်လာပါတယ် ။ 

(Video File ကိုအောက်မှာကြည့်ပါ)

" ki ki challenge တော့မပာုတ်ဘူး။ Do you? Challenge.

ကျွန်တော်ရယ်၊M SengLuရယ်၊May GraceParryရယ်မနေ့ကBellaရshootingရိုက်ရင်းခနနားတဲ့အချိန်မှာလုပ်ဖြစ်လိုက်တဲ့challengeရလေးပါ။ ဘာပဲပြောပြောလေးတာတစ်ကယ်ပါ။ " လို့လဲသူကဆိုထားသေးတာပါ ။

လူငယ်တွေကြားခေတ်စားနေတဲ့ KiKi challenge ထက်သာသွားပါပြီနော် ။ ဘယ်သူတွေများဒီလို ထပ်ပြိုင်ဦးမလဲဆိုတာတော့ စောင့်ကြည့်ရဦးတော့မှာပါ ... ပရိတ်သတ်ကြီးရော ဘယ်သူတွေကိုလုပ်စေချင်လဲ ?

သတင်းအရင်းမြစ် Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။