သူ့ခမျာတော်တော်ကိုကြောက်သွားရှာတာပါ ။ Myanmar Idol ရဲ့ ပူပူနွေးနွေး Winner လေး ဖြိုးမြတ်အောင်ကတော့ သရဲအလွန်ကြောက်တတ်တယ်ဆိုတာ သူ့ပရိတ်သတ်တွေသိပြီးဖြစ်မှာပါ ။ လွတ်လွတ်လပ်လပ်ဖြေဆိုတဲ့ အင်တာဗျူးအချို ့မှာလဲ ပြောထားဖူးပါတယ် ။ ခုတစ်ခေါက်ကတော့ သူနဲ့ အတူ ပရိတ်သတ်ပါလိုက်အခြောက်ခံလိုက်ရတယ်လို့ ဆိုရမှာပါပဲ ။ ပရိတ်သတ်နဲ့ Live တွေ လွှင့်ပြီးစကားပြောလေ့ရှိတဲ့ ဖြိုးမြတ်အောင်က ဒီတခါမှာလဲ ပရိတ်သတ်နဲ့ Live လွှင့်နေရင်း သရဲခြောက်ခံလိုက်ရတာမို့ပါ ။

သူ့ထုံးစံအတိုင်းပေါ့ပေါ့ပါးပါး စကားတွေပြော ဂစ်တာလေးခေါက်ပြီး သီချင်းဆိုပြနေရင်းကနေ သူ့ဘေးက အရိပ်မည်းကြီးတစ်ခု ဖြတ်ပြေးသွားတာပါ ။ ပရိတ်သတ်တွေလဲမြင် သူလဲမြင်လိုက်ပုံရပြီး သီချင်းဆိုတာကို ရပ်လိုက်ပါတယ် ။ ကြည့်ပြီး ဘယ်သူမှမရှိတာကိုမြင်လိုက်တဲ့နောက်မှာ ဖြိုးမြတ်အောင်တစ်ယောက်တော်တော်လန့်သွားပုံပါပဲ ။ 

စကားတွေ ထစ်ငေါ့ထစ်ငေါ့နဲ့ " ကျွန်တော့နောက်မှာ အရိပ်တစ်ခုဖြတ်သွားတယ် ။ တွေ့မိကြလား မသိဘူး " ဆိုပြီးပရိတ်သတ်တွေကို ပြန်မေးပြီး မျက်နှာပျက်နေခဲ့ပါတယ် ။

အဲဒီနေရာကလည်း သူတစ်ယောက်ထဲပဲနေတာမို့ ဘယ်သူမှမရှိလို့ ပိုကြောက်သွားပုံပါ ။ အဲဒီနောက်မှာတော့ ဘာထူးခြားမှုမှရှာမတွေ့တာမို့ ဂစ်တာပြန်ကိုင် သီချင်းပြန်ဆိုပေးခဲ့ပြီး ခဏအကြာမှာတော့ တံခါးကိုလက်နဲ့ရိုက်သံတွေက တိုးတိုးကနေ တစ်ဖြည်းဖြည်း ကျယ်လောင်လာတာကို အားလုံးကြားလိုက်ရပါတယ် ။

ဖြိုးမြတ်အောင်လည်း လန့်သွားပြီး သွားကြည့်ဦးမယ် ဆိုကာ Live ကို ရပ်တန့်သွားခဲ့တာပါ ။ (Video File ကိုအောက်မှာ ကြည့်နိုင်ပါတယ်) 

ထိုနောက်မှာတော့ ဖြိုးမြတ်အောင် သရဲကြောက်မှန်းသိတဲ့ ပရိတ်သတ်တွေက စိတ်ပူခဲ့ကြပြီး ဖြိုးမြတ်အောင်ဆီ ဖုန်းတွေဆက်ကာ သတင်းမေးခဲ့ကြပါတယ် ။ နောက်ဆုံးမှာတော့ အဲဒီသရဲက ဖြိုးမြတ်အောင် သူငယ်ချင်းပါတဲ့ ။ သရဲကြောက်တတ်တဲ့သူငယ်ချင်းတစ်ယောက်ထဲရှိနေတုန်းအချိန်ကို လာနောက်ပြောင်ခဲ့တာပါ ။ နောက်ပိုင်းမှာတော့ ဖြိုးမြတ်အောင်က သူ့ကိုလာစတဲ့သူငယ်ချင်းနဲ့ Live ထပ်လွှင့်ပြီး ပရိတ်သတ်တွေကို စိတ်မပူဖို့ ပြန်ရှင်းပြခဲ့ပါတယ် ။ ဖြိုးမြတ်အောင်နဲ့ အတူ Live ကြည့်နေတဲ့ ပရိတ်သတ်တွေပါ ကြောက်သွားခဲ့တာဆိုတော့ လူအများကြီးကို တစ်ခါထဲကြောက်သွားအောင် ခြောက်နိုင်ခဲ့သူပါပဲနော် ။  

သတင်းအရင်းမြစ် Phyo Myat Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။