သရုပ်ဆောင်ဆုပန်ထွာကိုတော့ ချစ်ပရိသတ်ကြီးချစ်မှာပါ။သူမကတော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး သူမကိုအမြဲပျော်ရွင်အောင်ပြုလုပ်ပေးတတ်တဲ့ ချစ်စရာသားလေးကိုလဲ ရရှိထားသူဖြစ်ပါတယ်။ယနေ့မှတော့ ချစ်စရာသားလေးက ချစ်ဖေဖေနဲ့ ချစ်မေမေကြီးကို ကြက်သားနဲ့ဝက်သားကိုရောချက်ထားတဲ့ “Chicken & Pork Adobo” ဟင်းလေးတွေချက်ကျွေးခဲ့ပါတယ်။  

ချစ်မေမေကြီးကတော့ " ဒယ်ဒယ်နဲ့မားမားကိုဟင်းချက်ကျွေးတဲ့ Roar Roar!ကြက်သားနဲ့ဝက်သားကိုရောချက်ထားတဲ့ “Chicken & Pork Adobo” ဟင်းလေး။မာမား ဟင်းချက်နေတာကို ဆောင်းထားတဲ့ခေါင်းဆောင်းကို ချွတ်ချွတ်သူဆောင်းမယ်တဲ့။ထုံ ထုံ အော်ခုံပေးရမှာလား ? သားလေးချက်မလို့လားဆို! ဟုတ်" တဲ့ သူချက်နေတဲ့ပုံကြည့်ပီးရီလိုက်ကြတာတစ်အိမ်လုံး၊ သူကတော့ခပ်တည်တည်ပဲ " လို့ပြောထားပါတယ်။  

ချစ်ဖေဖေကြီးနဲ့ ချစ်မေမေကြီးကတော့ အလိုက်သိလွန်းတဲ့ သာလေးကြောင့် အရသာရှိတဲ့ဟင်းတွေစားခဲ့ပြီး အပြုံးပန်းလေးတွေ ဝေဆာခဲ့ရပါတယ်။ ဆုပန်ထွာတို့ဇနီးမောင်နှံကတော့ အလိုက်သိပြီး လိမ္မာတဲ့ သားလေးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင်ဆုပန်ထွာရဲ့ သားလေး Roar Roarရဲ့ ဟင်းချက်နေတဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: SUPANHTAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။