မြန်မာနိုင်ငံရဲ့တစ်ချိန်ကHipHopလောကမှာနာမည်ကြီးခဲ့တဲ့အဆိုတော်ရသကတော့ခုမှာမူးယစ်ဆေးဝါးမှုဖြင့်အဖမ်းခံခဲ့ရပါတယ်။

အောင်မြင်တဲ့အဆိုတော်တစ်ယောက်ပီးပီးလူငယ်ကြိုက်သီချင်းတွေနဲ့အောင်မြင်ပီး

ပရိတ်သတ်ရဲ့တစ်ခဲနက်အာပေးမှုကိုခံရတာပါ။ခုဖမ်းခံရတဲ့သတင်းကြောင့်သူ့ပရိတ်သတ်တွေကတော့စိတ်မကောင်းဖြစ်နေကြပါတယ်။

အဆိုတော်ရသအပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပါ သုံးဦးကို မူးယစ်ဆေးဝါးများနှင့်အတူ မန္တလေးမြို့ရှိဧည့်ရိပ်မွန်တစ်ခုတွင် သြဂုတ်လ၁၅ရက်နံနက်၁နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်းမနက်သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ရသကို မူးယစ်ဆေးဝါးများနှင့်အတူ ရောက်ရှိနေကြောင်း သတင်းရ၍ မူးယစ်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ထွန်တုံးရပ်ကွက်၊အောင်ဇေယျလမ်းကြားဧည့်ရိပ်မွန်ရှိအခန်းတစ်ခုတွင်ရသ၊မျိုးတင့်နှင့်ခေမီတို့ကိုတွေ့ရပီး

အိပ်ရာဘေးစားပွဲပေါ်တွင်WYလိမ္မော်ရောင်စိတ်ကြွဆးပြား၁၆၅၅ပြားနှင့်မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။မူးယစ်ဆေးဝါးများနှင့်အတူ

တွေ့ရှိခဲ့သည့်အဆိုတော်၃ဦးကိုအောင်လယ်နယ်မြေရဲစခန်းတွင်၊မူးစိတ်ပုဒ်မ၁၉က/၂၁တို့ဖြင့် အမှုဖွင့်အဖမ်းဆီးထားကြောင်းသိရသည်။သူ့ကိုချစ်တဲ့ပရိတ်သတ်တွေကတော့ဒီသတင်းကြားပီး

စိတ်မကောင်းဖြစ်နေကြပါတယ်လို့သိရပီးသူ့အကြောင်းလေးကိုပရိတ်သတ်အတွက်မျှဝေပေးလိုက်ပါတယ်။

Photo:7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။