သြဂုတ်လ 14 ရက်နေ့က စူးရှထက် Live လွှင့်ပြီး သူ့ကိုခြိမ်းခြောက်လို့ ရဲတိုင်ပါတယ်ဆိုပြီး ပြောခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အစ္စဏီရဲ့အစ်ကို ဖြစ်သူ ကိုကျော်စွာက သက်သေနဲ့တကွ ပရိသတ်တွေကို ချပြလိုက်ပါပြီ ။ စူးရှထက်ဘက်က သူ့ကိုအကြိမ်ကြိမ်ဆက်သွယ်ခဲ့တဲ့ Ph Miss call တွေကို Screenshort နဲ့တကွ ဖော်ပြလိုက်တာဘဲ ဖြစ်ပါတယ် ။

ကိုကျော်စွာကို စူးရှထက် က ဖုန်းတောက်လျောက် ခေါ်ထားတဲ့ miss call တွေ နဲ့အတူ april 23 မှာ စူးရှထက်ဖက်က စဆက်ပြီး သမီးရူးတော့မယ်ကိုကြီးရေ သမီးအကြံတွေ မဟုတ်ပါဘူး မေကြီးနဲ့ပြောချင်လို့ပါ ကိုကြီးပြောပေးပါဦးဆိုပြီး အန်တီမိငယ်( အစ္စဏီမိခင် ) ကို သူမတို့အိမ်ကို အတင်းခေါ်တယ် လို့လည်းသိရှိရပါတယ် ။ အဲ့ဒိ့ဖုန်းကောအသံဖိုင်လဲ အများနားထောင်လို့ရအောင် ထုတ်ပေးပါဦးမယ် လို့ကိုကျော်စွာက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့်ဖော်ပြခဲ့ပါတယ် ။

"ပြောချင်တာက အဲ့ဒိ့ ဧပြီ၂၃ ဆိုတဲ့အချိန်မှာ သူမီဒီယာတွေမှာပြောနေတာကသူ့ဖက်က လုံးဝမကျေအေးပေးနိုင်ပါဘူး ကျနော်တို့ကခြိမ်းခြောက်နေပါတယ်ဆိုပြီး စွတ်ရွတ်ပြောနေ တဲ့အချိန်။ တစ်ဖက်မှာလဲ ကျနော်တို့နဲ့ ဆက်သွယ်ပြီး ဗလောင်းပလဲတွေပြောနေတ ယ်ဆို တာပါ။ ကျနော်သာ သူ့ကိုခြိမ်းခြောက်ရင် သူဘာလိုကျနော်နဲ့ အကြိမ်ကြိမ်ဆက်သွယ်နေ ရ တာလဲ ။ အဲ့အချက်ကိုပရိတ်သတ်တွေ စဉ်းစာဖို့ ချပြတာ " လို့ကိုကျော်စွာက လူမှုကွန် ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

Source : Kyaw Swar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။