အဆိုတော်အစ္စဏီကို တရားစွဲဆိုထားတဲ့ မော်ဒယ်စူးရှထက်တစ်ယောက် အဆိုတော် ယုန်လေးကိုလည်း ထပ်မံတရားစွဲတယ်ဆိုတဲ့ ကောလဟာလ တွေ ထွက်ပေါ်လို့နေပါတယ်။ ဒီဖြစ်ရပ်မှာ အတည်လား ကောလဟာလလားဆိုတာကိုတော့ ယုန်လေး တစ်ယောက် လူမှုကွန်ယက် စာမျက်နှာပေူမှာ ဖော်ပြပြီးနာရီပိုင်းအတွင်းမှာ စူးရှထက် က အတည်ပြုပေးလိုက်ပါတယ်။ အခု နောက်ထပ် တိုင်တန်းထားတဲ့ အထဲမှာ ပါဝင်နေကြတဲ့ သူတွေကတော့ အဆိုတော် ယုန်လေး နှင့် အစ္စဏီ ရဲ့ အကို ကျော်စွာ တို့ကို ထပ်မံတိုင်တန်း ထားတာလည်းဖြစ်ပါတယ်

စွပ်စွဲထားတဲ့အကြောင်းအရာတွေကို ကျော်စွာကတော့ "အခုလို ကျနော်တို့ရှင်းချင်တာက ပုဒ်မ၃၇၆ သူ့ကို အစ္စဏီက မဒိန်းကျင့်တယ် မကျင့်ဘူးဆိုတဲ့ကိစ္စ။ အလကား ရှုပ်နေတာက မဆီမဆိုင်အကြောင်းအရာတွေ လျောက်ပြော လျောက်တိုင်ပြီး လမ်းကြောင်းလွှဲနေတယ်။ ခြိမ်းခြောက်တာတွေ အောက်ဖဲလှန်တာတွေ အကောင့်တုနဲ့ တိုက်ခိုက်တာတွေ တောင်းပန်ရင်ကျေအေးမယ်ပြောလိုက် တောင်းပန်တယ်ပြောလိုက် မကျေအေးဘူးပြောလိုက် သူတစ်ယောက်တည်း ရှုပ်နေတယ်။ နေရင်းထိုင်ရင်း ရှေ့နေတွေရဲ့ အခွန်ကိစ္စတွေတောင် အစစ်ပါသေး။ ကျနော်ကလဲ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာသိလို့ စဖြစ်ဖြစ်ချင်းတည်းက သူနဲ့ပြောသမျှ တွေ့သမျှ အကုန် record ယူထားတော့ သူ့အတွက်တော့ စိတ်မကောင်းဘူး။ အဲ့လို ပေါက်ကရ လမ်းဘေးအတင်းဖျင်းဆန်တဲ့ စကားမျိုးတွေပေါ်မှာတော့ ကျနော်အနေနဲ့ ဖြေရှင်းနေမှာမဟုတ်ဘူးဗျ။"လို့ ရေးသားထားပါတယ် ။

ဆက်လက်ပြီး " သူဖာသူနိမ့်တာနိမ့်ပေါ့ ကိုယ့်ပါလာစွဲချနေတာမျိုးတော့ လက်မခံဘူး။ ဟုတ်တယ် ကျနော်ရယ် ယုန်လေးရယ် အစ္စဏီရှေ့နေ ကိုကျော်ဇင်ဦးရယ်ကို ထပ်ပီးတိုင်ကြားထားပါတယ်။ ဘာလို့တိုင်တာလဲဆိုတော့ တရားစွဲလို့မရလို့ပေါ့ဗျာ ။ ဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့ ဘာမှဖြစ်လာစရာမရှိဘူး။ အခုဒီစာရေးရင်း ဒေါသထွက်နေတာက ဟိုကောင် ဟန်ထွန်းကိုပဲ ။ ကိုယ့်အဆင့်ကိုယ်မသိ ဘယ်လိုအတန်းအစားတွေနဲ့ သွားပတ်သတ်ခဲ့တာလဲကွာဆိုပီး မေးမေးပြီးကို ထိုးချင်တာ ။ သူပတ်သတ်ခဲ့လို့သာ ကိုတွေ ဒီလိုအတန်းအစားတွေနဲ့ ယှဉ်ပြီး ဒီလိုလမ်းဘေးအတင်းအဖျင်းတွေ ပြောနေရတာ တော်တော်ရှက်စရာကောင်းနေပီ။"လို့ ပြောဆိုထားပါတယ် ပရိသတ်ကြီးရေ။ ပရိသတ်ကြီး ရေ အစ္စဏီရဲ့ အမှုကိစ္စ ကတော့ အာရုံစိုက်မှုတွေပြန်လည်ဦးမော့လာခဲ့ပြီဖြစ်လို့ ပရိသတ်ကြီးရဲ့ အမြင်တွေကို မှတ်ချက်မှာ ပြောပြပေးခဲ့ကြပါနော်။

Source - Kyaw Swar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။