အဆိုတော်သရုပ်ဆောင်ယုန်လေးတစ်ယောက် တရားစွဲဆိုခံရတယ်ဆိုတဲ့ လူမှုကွန်ယက်ပေါ်က သတင်းတွေကြောင့် ယုန်လေးကိုချစ်တဲ့ ပရိသတ်တွေအားလုံးစိတ်ပူနေကြရမယ်ထင်ပါတယ်။အနုပညာလောကကလုပ်ဖော်ကိုင်ဖက်ညီကိုမောင်နှမတွေအားလုံးလည်း စိတ်ပူခဲ့ကြရတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာ စိတ်ပူ ပေးကြတဲ့သူတွေတစ်ယောက်ချင်းစီတိုင်းကိုယုန်လေးတစ်ယောက် အရမ်းကိုကျေးဇူးတင်နေတာပဲဖြစ်ပါတယ်။

ယုန်လေးကတော့ " ဘာပဲပြောပြော ကျွန်တော် ဒီလိုအပေါင်းသင်းတွေရထားတာ တကယ်ပျော်တယ်။ ထူးခြား ပြီးတော့ ကိုအယ်ကြီး ကိုဖြိုးကြီး ဝေကြီး နောက်အများအများကြီး စိတ်ပူပြီး ဖုန်းဆက်။ ဘယ်ကိုလာခဲ့ရမလဲ ဆိုတဲ့ ညီအစ်ကိုမောင်နှစ်မတွေအတွက်. အရမ်းအရမ်းချစ်ပြီးသား အရမ်းလည်းအားဖြစ်ပါတယ် ကျေးဇူးလည်း တင်ပါတယ်"လို့လူမှုကွန်ယက်ကနေကျေးဇူးတင်စကား ရေးသားခဲ့တာပဲဖြစ်ပါတယ်။ 

ယုန်လေးကတော့ ပွင့်ပွင့်လင်းလင်းနေတက်တဲ့ မဟုတ်မခံဒဲ့ဒိုးသမားတစ်ယောက်ဖြစ်ပေမယ့်လည်း ဘာသာရေးလုပ်ငန်းအမြဲလုပ်ကိုင်လေ့ရှိပြီး အခက်ခဲဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့သူတွေအတွက်လည်း လိုက်လံကူညီပေးနေတဲ့ အင်မတန်စိတ်နှလုံးသားလှတဲ့သူပဲ ဖြစ်ပါတယ်။အခုလိုသူပြသနာများနဲ့ကြုံနေရချိန်မှာလည်း အားကိုးရတဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ပရိသတ်တွေရဲ့ စိတ်ပူပေးမှုတွေအတွက် ဘာပဲဖြစ်ဖြစ်ယုန်လေးအတွက်တော့အားတွေရှိနေမှာအသေအချာပါပဲ။ပြသနာတွေလည်း အမြန်ဆုံးပြေလည်ပါစေလို့ဆုတောင်းပေးကြပါအုန်းပရိသတ်ကြီးရေ။ 

သတင်းအရင်းအမြစ် - ယုန်လေး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။