" နံနက်ခင်းအလင်းရဲ့ ပန်းလေးထက်ကို ပိုမွေးတာ ချစ်သမီးလေးရဲ့ ပါးနုနုလေး လေးပြင်မှာ၊ ငှက်ကလေးများရဲ့ တေးသီချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ ..." ဆိုတဲ့သီချင်းလေးကြားတိုင်း ထူးအိမ်သင် (ခေါ်) ဦးငှက်ရဲ့ သမီးလေးကို မြင်ယောင်မိကြမှာပါ။ သူဖန်တီး သီဆိုခဲ့တဲ့ သီချင်းကောင်းတွေအများကြီးထဲကမှ သူ့ရဲ့သမီးငယ်လေး မိကွန်ထော အတွက်သီဆိုခဲ့တဲ့ " တုနှိုင်းမဲ့ ရတနာ " ဆိုတဲ့ သီချင်းလေးဟာ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားတွေကို မီးမောင်းထိုးပြနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဘဲဖြစ်ပါတယ် ။

လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့တာ 14.8.2004- ယနေ့ 14.8.2018 ထိ ဆိုရင် ကွယ်လွန်ခြင်း နှစ်ပတ်လည်(၁၄) နှစ်တိုင်ခဲ့ပြီ ဆိုပေမဲ့လည်း ဖခင်မေတ္တာကို ငတ်မွတ်သွားရတဲ့ သမီးလေး တစ်ယောက်ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတမှုတွေက တော့ ဝင်ခံစားကြည့်လို့ ရမှာပါ။ 14-8-2018 ခုနှစ်ဟာ ဂီတလောကရဲ့မှော်ဝင် အဆိုတော် တစ်ဦးဖြစ်တဲ့ တေးသံရှင် ထူးအိမ်သင် ( ခေါ် ) ဦးငှက် လူ့လောကထဲက ထွက်သွားခဲ့တာ ( ၁၄) နှစ် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ဦးငှက်ကို လါမ်းဆွတ်ကြသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးငှက်သမီးလေး မိကွန်ထောဟာ ဖခင်ဖြစ်သူ ရဲ့ နှစ်ပတ်လည် မှာ ဖခင် လဲလျောင်းရာ အုတ်ဂူထိ သွားရောက် ကန်တော့ခဲ့ပြီး လွမ်းသူပန်းစည်းလေးတွေ ပေးပို့ ခဲ့ပါတယ်။

သူမရဲ့ facebook စာမျက်နာထက်ကနေ" ထွက်သွားခဲ့တာ နှစ်တွေကြာပြီဆိုပေမဲ့လည်း မနေ့တနေ့ကလိုပါပဲ။ အဲ့ဒီမှာ နေရတာ အဆင်ပြေရဲ့လား၊ ဖေ.....ဖေ အဆင်ပြေနေမယ် ဆိုတာ သမီးသိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖေက နှလုံးသားလှပြီး အရမ်းကောင်းတဲ့ လူတစ်ယောက်မို့ပါ..." လို့ လွမ်းဆွတ်မှုတွေ အပြည့် နဲ့ မျှဝေထားပါတယ်။ ဖခင်ဖြစ်သူအတွက် ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်အတွက်ရည်စူးပြီး လက်ရှိရေဘေးသင့်ဒေသများအတွက် လိုအပ်သည်များကို ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ရက် မှတဆင့်ကူညီမျှဝေပေးရန် အလှူငွေ ကျပ် ၃ သိန်း ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ မိသားစုရဲ့ အလွမ်းတွေ နဲ့ သာမက ပြည်သူတွေရဲ့ အနှိုင်းဆမဲ့ချစ်ခြင်းတွေယနေ့တိုင် တည်သရွေ့ ရရှိနေမယ့် ချစ်ရသော ဦးငှက် ရောက်လေရာ ကောင်းမွန်သောဘုံဘဝတွေကနေ သာဓုခေါ်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်....။

source: mikhun htaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။