လတ်တလောမှာ Myanmar Idol အစီအစဉ်ကြီး ပြီးဆုံးသွားတဲ့နောက်မှာ ရေပန်းအစားဆုံးသတင်းကတော့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့၂ဦးတွဲနေကြတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း Facebook လူမှုကွန်ယက် စာမျက်နှာပေါ်မှာ သူတို့၂ဦးတွဲနေကြကြောင်းကို ပြောဆိုဝေဖန်မှုတွေနဲ့ ကောလဟာလပုံရိပ်တစ်ချို့ဟာ ဆက်တိုက်ဆိုသလို ပျံနှံ့နေတာ ဖြစ်ပါတယ်။ ပရိသတ်တစ်ချို့ကတော့ သက်သေတွေနဲ့တကွ အပြင်းအထန် ဝေဖန်နေကြသလို တစ်ချို့ကလည်း သူတို့နှစ်ဦးကို လက်ခံအားပေးနေတာမျိုးလည်း ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကာယကံရှင်နှစ်ဦးကိုယ်တိုင်ကတော့ ဖြေရှင်းမှုတွေ မပြုလုပ်သေးဘဲ ပုံမှန်အတိုင်းနေထိုင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကို ပိုသေချာသလောက်ရှိပြီလို့ ထင်စေခဲ့တာကတော့ ရွှေထူးရဲ့တက်တူးအသစ်နဲ့ ရွှေမှုန်ရတီရဲ့ My Story နှစ်ခုရဲ့ ဆက်စပ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ Candy လို့အမည်ပေးထားတဲ့ ရွှေထူးရဲ့သီချင်းသစ်လေးကို ဇူလိုင်လ ၂၈ရက်နေ့က ထွက်ရှိခဲ့ပြီး Candyပုံစံရှိတဲ့ တက်တူးသစ်လေးဟာလည်း သူရဲ့ခန္ဓာကိုယ်ထက်မှာ နေရာယူခဲ့ပါတယ်။

ဒီလိုပရိသတ်တွေ စိတ်ဝင်တစားဖြစ်နေတဲ့အချိန်မှာမှ ရွှေမှုန်ရတီက "Happy Moment When I Get You "စာသားလေးတစ်ကြောင်းနဲ့အတူ Candy Sticker လေးပါတဲ့ပုံလေးကို သူမရဲ့ My Story မှာ မနေ့ကမှ အသစ်တင်ခဲ့တာ တွေ့ရပါတယ်။ ဒီပုံလေးကို ရွှေမှုန်က သူမအနေနဲ့ ပုဂံကို ရောက်ရှိနေကြောင်းနဲ့ ခမ်းနားကျယ်ဝန်းတဲ့ Hotel အခန်းလေးကို ပြသရင်းတင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကတော့ ဒီပုံထဲက Candy လေးက ရွှေထူးကိုယ်ပေါ်က Candy တက်တူးလေးနဲ့ ထပ်တူကျနေတာကြောင့် သူတို့၂ဦးတွဲနေတာဟာ သေချာသလောက်ရှိနေကြောင်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေမှုန်နဲ့ ရွှေထူးတို့ရဲ့ ဆက်စပ်မှုရှိတဲ့ပုံလေးနှစ်ပုံကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Shwe Mhone Yati & Shwe Htoo ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။