Myanmar Idol Season-3 ကတော့ ပြောစမှတ်ဖြစ်လောက်အောင် ပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေနဲ့ ပြည်သူပရိသတ်တွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အရမ်းကို ရေပန်းစားတဲ့ အစဉ်အစီတစ်ခုဖြစ်ခဲ့ပါတယ်..။

ပြိုင်ပွဲဝင်တိုင်းမှာ သူ့ပရိသတ်တွေနဲ့ သူရှိကြသလို Winner ဆုရှင် ဖြိုးမြတ်အောင်နဲ့ 1st Runner-up ဆုရှင် ချမ်းမြေ့မောင်ချိုတို့ ပရိသတ်တွေရဲ့အားပေးကြမ်းမှုတွေကလည်း တကယ့်ကိုချောချမ်းစရာကောင်းလောက်အောင် အံ့မခန်းပါပဲ..။

Fan တွေရဲ့ အားပေးကြမ်းမှုတွေတော့ တကယ့်ကို အပြိုင်အဆိုင်တွေဖြစ်ခဲ့ကြပြီး ဝေဖန်တိုက်ခိုက်မှုတွေလည်း ပြင်းထန်စွာကြုံတွေ့ခဲ့ကြသလို Grand Final ပွဲကြီးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကလည်း လူမှုကွန်ယက်မှာ အတော်လေးကို ကယက်ထသွားခဲ့ပါတယ်..။

အဆိုပါဝေဖန်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ငွေဇင်လှိုင်းကလည်း အချင်းချင်းစိတ်ဝမ်းမကွဲပဲ အရင်အတိုင်းအမြဲ ချစ်ချစ်ခင်ခင်နေဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်..။

“Season 3 ကတော့ ဝေဖန်တိုက်ခိုက်မှုခံရဆုံးပဲ နာမည်ကြီးရင်ကြီးသလို အနည်းအများဝေဖန်တာခံကြရတယ် အဆိုးဆုံးကတော့ မောင်ချိုနဲ့ ဖြိုးကြီးး မောင်ချိုဆိုလဲ ဝေဖန်ခံရတာ အရွယ်နဲ့မလိုက် ဖြိုးကြီးဆိုလဲ ပြောခံရတာ Troll ကြတာများတယ် ငွေဇင်တို့က အများပြည်သူ ကြည့်နေကြတဲ့ Idol တွေဖြစ်လို့ လူနည်းလာတာနဲ့အမျှ အမြင်မတူတဲ့သူတွေရဲ့ ရေးသားပြောဆိုမှုတွေကြောင့် တယောက်နဲ့တယောက် အဓိက စိတ်ဝမ်းမကွဲဖို့ တချိန်လုံးပြောနေရတယ်..။

“သီချင်းတေလဲ လေ့ကျင့်ရတယ် ညဆိုလဲ အိပ်ချိန်ကောင်းရတဲ့ရက်က နည်းနည်း အိပ်ရေးပျက်ညတွေကများ အားလုံးအ်မ်မက်ကိုယ်စီ စိတိကူးကိုယ်စီ အကောင်ထည်ဖော်နေကြတဲ့အချိန်မှာ တကယ်က်ု ပင်ပန်းလွန်းတာ နောက်ကွယ်ကအမှန်တရားတွေပါ Final မှာ မောင်ချိုနဲ့ဖြိုးကြီး ဘသူရရ ထိုက်တန်ပီးသားမို့ အထူးတလည် မပြောခဲ့တာ မောင်ချိုလဲ ပွဲတွက်လာဖို့ အဆင်မပြေတော့ဘူး ဖြိုးကြီးလဲ ပြိုင်ဖို့တွက် သေချာ ပြင်ပီးသွားပီ အရာအားလုံး ဖန်တီးထားတဲ့အရာတွေလဲမဟုတ်ခဲ့ဘူး..” ဆိုပြီး ရေးသားပြောပြထားတာ ပဲ ဖြစ်ပါတယ်..။

ဖြိုးမြတ်အောင်ဟာ winner ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတဲ့အကြောင်းလေးကိုလည်း ရေးသားပြောပြထားပါသေးတယ်..။

ပတ်သက်ပြီးတော့လည်း “ဖြိုးကြီးကတကယ်ဆို သူလဲရက်စောင့်ချင်တယ်ပြောခဲ့သေးတယ်.. ပြိုင်ပွဲအနေထားအရ ကုန်ကျစားရိတ်တွေ နောက်ကွယ်က ပင်ပန်းမှုတွေ အစားထိုးမရတာတွေတွက် ဆုံးရှုံးရတာတွေအတွက် ဘလိုမှတော့ ရက်မရွေ့နိုင်ခဲ့တာ တယောက်ထဲပြိုင်လို့ရတာတေရော စုံနေတာပဲ တကယ်က ပြိုင်ပွဲလိုဆိုသွားတဲ့ ဖြိုးကြီး ထိုက်တန်တယ်လေ စင်ပေါ်မှာ သည်းမပြခဲ့တာ မပြိုင်နိုင်ခဲ့တဲ့ မောင်ချို့တွက်လဲ စာနာမိလို့ သူ့နေရာမှာ ငွေဇင်ဆိုလဲ တလျှောက်လုံးြက်ုးစားးလာရတဲ့အရာတွက်တော့ နှမြောမိမှာ.. ဖြိုးကြီး ရိုးသားတယ် ကြိုးစားတယ် အမှားမရှိတင်ဆက်နိုင်တယ်.. ထိုက်တန်တယ်..” ဆိုပြီး Winner ဆုဟာ ဖြိုးမြတ်အောင်နဲ့ ထိုက်တန်တဲ့အကြောင်းလေးကို ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo - ငွေဇင်လှိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။