လက်ရှိအနုပညာလောကမှာ အောင်မြင်တဲ့အနုပညာရှင်တွေထဲမှာတော့ သရုပ်ဆောင်အေးသောင်းလဲအပါအဝင်ပါပဲ။အနုပညာလောကထဲကို ရာစုနှစ်တစ်ခုတိုင်လျှောက်လှမ်းခဲ့သူတစ်ယောက်ဖြစ်ပြီး ရှေးမှီနောက်မှီအနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်သလို သူမရဲ့ ဟန်ပန်လေးတွေကချစ်စရာကောင်းနေတာတွေကြောင့်ပရိသတ်ဝန်းရံမှုတွေများစွာ ကိုတွေ့မြင်ရပါတယ်။

အမြဲတမ်း လုံလုံခြုံခြုံလေးဝတ်ဆင်တက်ပြီး ညို့အားပြင်းတဲ့ သူမရဲ့ အကြည့်တွေ အပြုံးတွေကြောင့် ပရိသတ်တွေကြွေစေခဲ့တာပါ။ယခုအခါမှာလည်း ပန်းရောင် ဝတ်စုံလေးနဲ့ လှနေတာကို တွေ့မြင်ရပါတယ်။ဆံပင်ရှည်လေးနဲ့စွဲဆောင်မှုရှိနေတဲ့ သူမရဲ့အလှက တကယ့်ကို နန်းဆန်လို့နေပါတယ်။

လက်ရှိအနုပညာအလုပ်တွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ကိုယ့်အချစ်တွေ လွင့်မသွားအောင်သတိထားနေရတယ်။လေတိုက်တာသိပ်ကြမ်းတယ်"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-အေးသောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။