Myanmar Idol Season-3 ရဲ့ ပြိုင်ပွဲဖြစ်တဲ့ ငွေဇင်လှိုင်းကတော့ Winner ဆုရှင်ဖြစ်တဲ့ ပရိသတ်အချစ်တော်ဖြိုးမြတ်အောင်နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မတင်ဖြစ်တော့တဲ့အကြောင်းလေးကို ပြောပြလာပါတယ်..။

Season-3 ရဲ့ ပြိုင်ပွဲနံပါတ်(၄)ဖြစ်တဲ့ ငွေဇင်လှိုင်းကတော့ ဖိုင်နယ်ပွဲ မတိုင်ခင်ကတည်းက သူမတို့သူငယ်ချင်းနှစ်ယောက် အမြဲတွေ့ပြီးအားပေးဖြစ်ပေမယ့် သူမကြောင့် ဖြိုးမြတ်အောင် အထင်လွဲခံရမှာစိုးတဲ့အတွက်ကြောင့် ဓာတ်ပုံတွေမတင်ဖြစ်တာလို့ ဆိုပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ ငွေဇင်လှိုင်းက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ ပရိသတ်တွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကြောင့် အချင်းခင်းစိတ်ဝမ်းမကွဲကြဖို့ပြောရင်း ဓာတ်ပုံလေးတွေ မတင်ဖြစ်တဲ့အကြောင်းလေးကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

“ဖြိုးကြီးကိုကျ ဟိုတခါပုံတင်မိတော့ မိန်းကလေးပရိတ်သတ်တွေက ငွေဇင့်ကိုခပ်ခွာခွာနေဖို့ပြောထားလို့ ဓာတ်ပုံတေရှိပေမဲ့မတင်ဖြစ်မရေးဖြစ်ခဲ့ဘူး.. တေ်ာကြာသူ့ခမျာငွေဇင့်ကြောင့်အထင်လွဲခံရမှာစိုးလို့ ဆင်ခြင်တာ ဖိုင်နယ်မပြိုင်ခင်မှာသူနဲ့ကတောက်လျှောက်တွေ့နေရတော့အမြဲအားပေးဖြစ်တယ် Social ပေါ်တကူးတကတင်စရာမလိုဘူးလဲထင်လို့..” ဆိုပြီး သူမရဲကဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေအားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြိုင်ပွဲဝင်အားလုံးဟာ ကြိုးကြိုးစားစားနဲ့ အစွမ်းကုန်ကြိုးစားခဲ့ကြတဲ့အကြောင်းလေးကိုလည်း သူမကပြောပြထားပါသေးတယ်..။

“Idol camp စဝင်ရတဲ့နေ့ကထဲက ဒီဆယ့်တစ်ယောက်လုံးဟာ အိပ်ချိန်ကလွဲလို့ ကျန်တဲ့ချိန်တွေ တူတူပဲ သီချင်းကျက်လိုက် စလိူက်နောက်လိုက်နဲ့ ဖြတ်သန်းခဲ့ကြတာ မိသားစုတွေလိုပဲ ဒါတွေကနောက်ကွယ်က အမှန်တရားတွေပါ.. ပြိုင်ပွဲစပြိုင်တဲ့အခါကျ တယောက်ပီးတယောက်အ်မ်ပြန်ရလဲ ဝမ်းနည်းခဲ့ရတာပဲ ငွေဇင့်အနေနဲ့ကတော့ ရောက်နိုင်သမျှ နေရာအထိ ကြိုးစားသွားဖို့ပဲ ပြင်ဆင်ခဲ့တာ ကျန်တာလဲ မလိုအပ်ဘူး ပြည်သူတွေ လက်ခံတဲ့ တေးသံရှင် ဖြစ်ချင်ခဲ့ရုံ ..” ဆိုပြီး ရေးသားပြောပြထားတာ တွေ့ရပါတယ်..။

Photo - ငွေဇင်လှိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။